DVB Logo
Home
မြန်မာသတင်း
ကျားတက်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်၊ ဆောတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး
DVB
·
July 28, 2023
ကျားတက်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်၊ ဆောတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး
1 / 2
Donate to DVB

မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဇူလိုင် ၂၆ ရက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ယောက် သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း(၁၃) The Youth Force (ဆော၊ ကျောက်ထု) က ပြောပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကနေ တပ်လဲပြီးပြန်လာတဲ့ စစ်ကြောင်းကို ဇူလိုင် ၂၆ ရက် မွန်းတည့် ၁၂ နာရီလောက်ကနေ ညနေ ၃ နာရီအချိန်ထိ ဆောမြို့နယ် မြင်းကာတောင်ခြေ အရောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) ရဲ့ ယာယီတပ်ရင်းမှူး ကိုဇင်ကိုဝင်းက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်တပ်က ၄ ယောက် သေဆုံးပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း အမှတ် (၃၊ ၅၊ ၈၊ ၁၃)၊ CDF-မင်းတပ် ၊ CDF-ကန်ပက်လက်၊ ဆော PDF(YRPA)နဲ့ YDF-ဆောတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။

ဇူလိုင် ၂၂ ရက်ကလည်း ကန်ပက်လက်မြို့နယ် ရန်အောင်စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ကင်းစခန်းကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၃ အပါဝင် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ က သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နဲ့ ၁၂ မိုင်ခန့်အကွာ ကျားတက်ရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အဆင့်တိုးမြှင့်ထားတဲ့ နည်းပညာမြင့် ဒရုန်း အသုံးပြုကာ တိုက်ခိုက်ခဲ့တယ်လို့Salingyi Special Task Force - SSTF-ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅တပ်ဖွဲ့ ပြန်ကြားရေးဘက်က ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၅ ရက်က ဆားလင်းကြီးမြို့နယ် ညောင်ပင်သာကျေးရွာကနေ ထွက်လာတဲ့ စစ်ကြောင်းက ကျားတက်ရဲစခန်းကို ဝင်ရောက်ချိန် Salingyi Special Task Force - SSTF-ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)က ဗုံးသီး ၅ လုံး ချခဲ့တာလို့တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"တိုက်ခိုက်မှုက နှစ်ကြိမ်ပါ၊ နှစ်ရက်ပေါ့ ဗုံးသီးစုစုပေါင်း ၁၃ လုံး အသုံးပြုခဲ့ရပါတယ်။ မောင်းသူမဲ့ drone တွေက လောလောဆည် camera မပါသေးတဲ့အတွက် သူတိူ့ဘက်က သေဆုံးတာကို မသိရပါဘူး။ မျက်မြင်မဟုတ်ဘဲ သတင်းမှားတွေ ဘယ်နှကောင် သေတယ်၊ ဘာညာဆိုပြီးလည်း သတင်းမထုတ်ပြန်ချင်လို့ပါ။" 

ဇူလိုင် ၂၆ ရက်မှာ စစ်ကောင်စီစစ်ကြောင်းက ကျားတက်ရွာရဲစခန်းထဲကနေ ရွာအတွင်းကို ဝင်ရောက်သွားခဲ့ပြီး ဒေသခံတွေရဲ့နေအိမ်တွေမှ ပစ္စည်းဥစ္စတွေကို ခိုးယူနေတယ်လို့သတင်းရလို့ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4) က ဒုတိယအကြိမ် ဒရုန်း ဗုံးသီး ၈ လုံးနဲ့ ထပ်မံကြဲချတိုက်ခိုက်ခဲ့ရတယ်လို့သိရပါတယ်။

ဒရုန်းအသုံးပြု ဝေဟင်စစ်ဆင်ရေးတွေကို Salingyi Special Task Force - SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)}၊Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF၊ TTA(ရွှေဘို)၊ Royal Eagle (ပုလဲ)တို့က ပူပေါင်းဆောင်ရွက်ခဲ့ပြီး အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၂၇ ရက်မှာ ကျားတက်ရဲစခန်းကနေ ပုလဲမြို့မရဲစခန်းကို ရောက်ရှိသွားတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိရပါတယ်။

လက်ရှိမှာတော့ Salingyi Special Task Force - SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)}ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅ အနေနဲ့ Droneတွေပို Jumper မမိအောင် နည်းပညာမြှင့်တင်ထားပြီး drone တွေကို အဆင့်ထပ်မြင့်လိုက်ရင် ဗုံးသီးကိုပိုပြီး သယ်ဆောင်နိုင်ကာ၊ ဝေးဝေးကိုလည်း ပိုပြီးပျံသန်းနိုင်တဲ့အတွက် စစ်ကောင်စီတပ်ကို ပိုပြီးတိုက်ခိုက်နိုင်မယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013