Home
မြန်မာသတင်း
ဘုတလင် ကျောင်းသားသမဂ္ဂရုံးကို စစ်တပ်က ဝင်စီးပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးကို သတ်ဖြတ်
DVB
·
July 28, 2023

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းကို ဒီကနေ့ ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာ စစ်တပ်က ဝင်ရောက်စီးနင်းပြီး မြို့နယ် ဗကသ ကျောင်းသားခေါင်းဆောင်တွေကို သတ်ဖြတ်သွားတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ မနက် ၄ နာရီဝန်းကျင်မှာ ဝင်စီးတာဖြစ်ပြီး   ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ရဲဘော်တွေ အသတ်ခံလိုက်ရကာ ပြည်သူတချို့ကိုလည်း  ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တဦးက “ ရုံး၊ စာသင်ကျောင်း၊ ရုံးအခြေစိုက်ရွာနဲ့ ဘေးပတ်ဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာ ခံလိုက်ရပါတယ်။ ရန်သူက အင်အားရာဂဏန်းနဲ့ ပေလမ်းအတိုင်း ဝင်လာပြီး စီးသွားတာပါ။ ဗကသ ရဲဘော်ကတော့ သုံးဦး ကျဆုံးတာပါ။ ပြည်သူလူထုက ကျဆုံးတာ ဖမ်းဆီးခံရတာစတဲ့ ထိခိုက်မှုတွေ ရှိတယ်လို့ သိရပါတယ်။ ကျဆုံးရဲဘော်တွေရဲ့ အမည်ကိုတော့ လောလောဆယ် ဗကသအနေနဲ့ မထုတ်‌ပြန်သေးပါဘူး။ အသက်ကတော့ ခန့်မှန်းခြေအားဖြင့် အခြေခံပညာ အထက်တန်းအဆင့် ရဲဘော်တွေပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေကာ အသေးစိတ် ဆက်လက်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024