Home
အားကစား
အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသားဘောလုံးအသင်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့နှင့် တွေ့ဆုံ
DVB
·
July 28, 2023

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ မဲခွဲပွဲကို ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာအသင်းဟာ အုပ်စု က မှာ အိမ်ရှင်တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ တွေ့ဆုံနေပါတယ်။

အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ အသင်း ၂၃ သင်းနဲ့ အုပ်စု ၆ စုခွဲပြီး ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။

အာရှအားကစားပြိုင်ပွဲ အုပ်စု ၆ ခုမှ ပထမနဲ့ ဒုတိယရတဲ့ ၁၂ သင်းအပြင် အကောင်းဆုံး တတိယ ၄ သင်းပါ ၁၆ သင်းဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အုပ်စုမဲခွဲမှုအရ အုပ်စု က မှာ တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု ခ မှာ ဆော်ဒီအာရေဗျ၊ အီရန်၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ အုပ်စု ဂ မှာ ဥဇဘက်ကစ္စတန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ဟောင်ကောင်၊ အုပ်စု ဃ မှာ ဂျပန်၊ ကာတာ၊ ပါလက်စတိုင်း၊ အုပ်စု င မှာ တောင်ကိုရီးယား၊ ကူဝိတ်၊ ဘာရိန်း၊ ထိုင်း၊ အုပ်စု စ  မှာ မြောက်ကိုရီးယား၊ အင်ဒိုနီးရှား၊ ကာဂျစ္စတန်၊ ထိုင်ဝမ်တို့ အသီးသီး တွေ့ဆုံနေပါတယ်။

မြန်မာအသင်းဟာ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ရဖူးတဲ့ တသင်း​တည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်ပြီး ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။

ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲမှာ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု င မှာ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဖိလစ်ပိုင်တို့နဲ့ ကျရောက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024