DVB Logo
Home
အားကစား
အိမ်ရှင်သြစတြေးလျကို အနိုင်ရခဲ့သည့် နိုင်ဂျီးရီးယားအသင်းကို ဆုကြေးပေးရန် တိုက်တွန်း
DVB
·
July 28, 2023
အိမ်ရှင်သြစတြေးလျကို အနိုင်ရခဲ့သည့် နိုင်ဂျီးရီးယားအသင်းကို ဆုကြေးပေးရန် တိုက်တွန်း
Donate to DVB

ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ပူးတွဲအိမ်ရှင် သြစတြေးလျအသင်းကို အနိုင်ရခဲ့တဲ့ နိုင်ဂျီးရီးယားအသင်းကို ဆုကြေးပေးဖို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အီယန်ရိုက်က တိုက်တွန်းသွားပါတယ်။

ကမ္ဘာ့အဆင့် ၄၀ မှာရှိတဲ့ နိုင်ဂျီးရီးယားအသင်းဟာ  ကမ္ဘာ့အဆင့် ၁၀က အိမ်ရှင်သြစတြေးလျ အသင်းကို အုပ်စုပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။

နိုင်ဂျီးရီးယားအမျိုးသမီးအသင်းဟာ ပြိုင်ပွဲမဝင်ခင်ကတည်းက လုပ်ခမရမှုတွေ၊ ခရီးသွားလာရေးစီစဉ်မှု အားနည်းချက်တွေနဲ့ ပြိုင်ပွဲအကြို လေ့ကျင့်ရေးဖျက်သိမ်းခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ နည်းပြဖြစ်သူ ရမ်ဒီကိုယ်တိုင် ဝေဖန်ခဲ့ပါသေးတယ်။

နိုင်ဂျီးရီးယားအသင်းဟာ အဖွင့်ပွဲစဉ်မှာလည်း ကမ္ဘာ့အဆင့် ၇ ကနေဒါကို သရေကစားနိုင်ခဲ့ပြီး ၂ ပွဲကစား ရမှတ် ၄ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားပါတယ်။

ဒီလိုစွမ်းဆောင်ရည်ကောင်းပြသ နေတဲ့ နိုင်ဂျီးယားအမျိုးသမီးအသင်းကို ဆုကြေးတွေ ပေးသင့်ကြောင်း အင်္ဂလန်နဲ့ အာဆင်နယ်တိုက် စစ်မှူးဟောင်း အီယန်ရိုက်က တိုက်တွန်းခဲ့တာပါ။

ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ  အုပ်စုပွဲစဉ် ၃ ပွဲ ကစားတဲ့အသင်းက ကစားသမားတွေကို ပေါင် ၁၅၇၆၀  ဖီဖာက ဆုကြေးပေးပါတယ်။

ဒါပေမဲ့ အဲဒီဆုကြေးတွေကို နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်က ကစားသမားတွေကို မပေးဘဲ ထိန်း ချုပ်ထားတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013