DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ အလုပ်သမားဈေးကွက် စိန်ခေါ်မှုများ ကြုံနေရဆဲဟု ILO ပြော
DVB
·
July 28, 2023
မြန်မာနိုင်ငံ၏ အလုပ်သမားဈေးကွက် စိန်ခေါ်မှုများ ကြုံနေရဆဲဟု ILO ပြော
1 / 3
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါ၊ ၂၀၂၁ အာဏာသိမ်းမှုနဲ့ ယင်းတို့ရဲ့ နောက်ဆက်တွဲ အကျိုးဆက် လူမှု-စီးပွား မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်ဟာ အခက်အခက်စိန်ခေါ်မှုတွေ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO)က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဈေးကွက်ဟာ အချို့ကဏ္ဍတွေမှာ အနည်းငယ် တိုးတက်လာပေမဲ့ အလုပ်အကိုင်ဖန်တီးမှုဟာ များပြာလာတဲ့ လူဦးရေအတွက် အမီလိုက်နိုင်ခြင်းမရှိတာကြောင့် ၂၀၂၂ ခုနှစ်မှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေရဲ့ ၅၄ဒသမ၅ ရာခိုင်နှုန်းပဲ အလုပ်အကိုင်ရရှိတော့ပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၈ဒသမ၂ ရာခိုင်နှုန်း ကျသွားတာပါ။

အဲဒီလို ကျဆင်းသွားတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အလုပ်လုပ်နိုင်တဲ့ လူဦးရေနဲ့ အလုပ်အကိုင်ရရှိမှုအချိုး (population-to-employment ratio)ဟာ အမျိုးသားတွေရဲ့ နှစ်ဆ ကျဆင်းသွားတာကြောင့် အမျိုးသမီးတွေအပေါ် သက်ရောက်မှု ပိုကြီးတယ်လို့ ILOက ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရရှိမှုအခြေအနေတွေဟာ မခိုင်မာမှု၊ စိန်ခေါ်မှုတွေဆက်ရှိနေပါတယ်။ ဒါကြောင့် အလုပ်သမားများစွာဟာလည်း မရေရာနဲ့ အနာဂတ်တွေကို ရင်ဆိုင်နေရပါတယ်။ ဒီမိုကရေစီစနစ်ပြန်လည် ကျင့်သုံးခြင်းဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်၊ မြန်မာပြည်သူတွေရဲ့ အနာဂတ်အတွက် အလွန်အရေးပါနေဆဲဖြစ်တဲ့ အပြင် လူမှုတရားမျှတမှုနဲ့ ကောင်းမွန်တဲ့ အလုပ်အကိုင်အတွက် ရှိထားရမယ့်အရာလည်း ဖြစ်ပါတယ်” လို့ ILO (မြန်မာ) ရဲ့ ဌာနေ ညှိနှိုင်းရေးမှူး မစ္စတာ Donglin Li က ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဟာ ဥပဒေနဲ့စည်းကြပ်မှုအောက်မှာ မရှိတဲ့ လုပ်ငန်းကဏ္ဍတွေမှာ ဝင်ရောက် လုပ်ကိုင်လာရတာကြောင့် အလုပ်အကိုင်အရည်အသွေးတွေလည်း ကျဆင်းလာတယ်လို့ ILOရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013