DVB Logo
Home
အားကစား
ကမ္ဘာ့ဖလား အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်း မကာအိုနှင့်တွေ့​ဆုံ
DVB
·
July 27, 2023
ကမ္ဘာ့ဖလား အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်း မကာအိုနှင့်တွေ့​ဆုံ
Donate to DVB

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အာရှဇုန် ပထမအဆင့် ခြေစစ်ပွဲ မဲခွဲပွဲကို ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာလက်ရွေးအသင်းဟာ မကာအိုလက်ရွေးစင်အသင်းနဲ့ တွေ့ဆုံနေပါတယ်။

မြန်မာအသင်းနဲ့ မကာအိုအသင်းတို့ရဲ့ ပထမအကျော့ပွဲစဥ်ကို အောက်တိုဘာ ၁၂ ရက်မှာ မြန်မာအသင်းအိမ်ကွင်း သုဝဏ္ဏမှာ ယှဥ်ပြိုင်သွားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဥ်ကို အောက်တိုဘာ ၁၇ ရက်နေ့ မကာအိုကွင်းမှာ ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ အနိုင်ရရှိတဲ့အသင်းဟာ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပြီး ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့နဲ့ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲမှာ အုပ်စုပထမနဲ့ ဒုတိယရတဲ့ နှစ်သင်းဟာ တတိယအဆင့်ကို တက်လှမ်းနိုင်မယ့်အပြင် ၂၀၂၇ အာရှဖလားကိုပါ တိုက်ရိုက်ယှဥ်ပြိုင်ခွင့် ရမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မှာ မကာအိုလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013