
ဘရာဇီးနိုင်ငံအနောက်ပိုင်း အမာရိုဘရန်ကို အကျဉ်းထောင်မှာ ဇူလိုင် ၂၆ ရက်က အဓိကရုဏ်းတခု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း အေကာပြည်နယ် အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
သီးသန့်အကျဉ်းတိုက်က အကျဉ်းသားတွေဟာ ရာဇဝတ်ရဲအရာရှိ ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားရာကနေ အဓိကရုဏ်း စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အကျဉ်းသားတချို့ဟာ ရဲတပ်ဖွဲ့ကို သေနတ်ကိုင်ဆောင် ချိန်ရွယ်ထားတာကြောင့် အကျဉ်းထောင်ကို လူတွေလာရောက်တာကို ရပ်ဆိုင်းထားကြောင်း အကျဉ်းသားတဦးရဲ့ ဆွေမျိုးတဦးက ပြောပါတယ်။
အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုကို သတင်းကြားသိရဖို့ အကျဉ်းသားတွေရဲ့ ဆွေမျိုးမိသားစုတွေက အနီးနားမှာ စောင့်ဆိုင်းနေတာကြောင့် အကျဉ်းထောင်ကို ဦးတည်နေတဲ့ လမ်းတွေကို ရဲတွေက ပိတ်ဆို့ထားပါတယ်။
ဒေသရဲတပ်ဖွဲ့ဟာ အဓိကရုဏ်းကို ထိန်းချုပ်ရာမှာ အကူအညီရဖို့အတွက် ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့တွေဆီကနေ အပြည့်အဝ ပံ့ပိုးမှုရရှိမှာဖြစ်ကြောင်း အေကာပြည်နယ် အုပ်ချုပ်ရေးမှူး ဂလဒ်ဆန် ကာမယ်လီက ပြောပါတယ်။
Source - Reuters










