DVB Logo
Home
မြန်မာသတင်း
စမ်းချောင်းတွင် YBS 21 ယာဉ် ၁ စီး မီးလောင်
DVB
·
July 27, 2023
စမ်းချောင်းတွင် YBS 21 ယာဉ် ၁ စီး မီးလောင်
Donate to DVB

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ မဟာမြိုင်ကားမှတ်တိုင်အနီး ပြည်လမ်းမပေါ်မှာ ဇူလိုင် ၂၇ ရက် မနက်က YBS ယာဉ် ၁ စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ပြောပါတယ်။

မနက် ၉ နာရီ ၅၅ မိနစ်လောက် မီးလောင်မှုသတင်းရရှိတာကြောင့် ကျောက်တံတားမြို့နယ် မီးသတ်စခန်း၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းတို့က မီးသတ်ယာဉ်တွေ၊ အရပ်ဘက်အသင်းတွေက သွားရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။

ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “မီးလောင်တာက မဟာမြိုင်မှတ်တိုင်နဲ့ မြေနီကုန်းကြား တံတားအဆင်းဘက်မှာပါ။ YBS 21 အင်ဂျင်ပိုင်းကနေ အပူလွန်ပြီး လောင်တာလို့ ပြောတယ်၊ တစီးလုံးလောင်သွားတယ်၊ လူထိခိုက်တာတော့ မရှိဘူး” လို့ ပြောပါတယ်။

မီးလောင်တဲ့ကားဟာ အစိမ်းရောင် YBS 21 ဖြစ်ပြီး လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ် ကနေ လမ်းမတော် မော်တင်မှတ်တိုင်အထိ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းဖြစ်တယ်လို့ သိရပြီး မီးလောင်မှုကြောင့် ခရီးသည်တွေ ထိခိုက်မှု မရှိပါဘူး။

မီးလောင်မှုဟာ မြေနီကုန်းတံတားအဆင်းလမ်းမှာ ကားအနောက်ဘက်ကနေ စတင်လောင်ကျွမ်းတာလို့ သိရပြီး ကားတစီးလုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

စမ်းချောင်းနဲ့ ကျောက်တံတားမီးသတ်တို့က မီးငြှိမ်းသတ်မှုကြောင့် မနက် ၁၀ နာရီလောက်မှာ မီးငြိမ်းသွားပြီး ပျက်စီးမှုတန်ဖိုးကို မီးသတ်ဌာနက တွက်ချက်နေဆဲလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလကလည်း လသာမြို့နယ်၊ ၂၂ လမ်းထိပ်၊ အနော်ရထာလမ်းမပေါ်မှာ အစိမ်းရောင် YBS 21 ယာဉ်တစီး မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013