DVB Logo
Home
မြန်မာသတင်း
ချောက်မြို့ မြန်မာ့စီးပွားရေဘဏ်ဗုံးခွဲခံရ၊ မြိုင်မြို့နယ်စီမံခန့်ခွဲရေးရုံးနှင့် စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
DVB
·
July 27, 2023
ချောက်မြို့ မြန်မာ့စီးပွားရေဘဏ်ဗုံးခွဲခံရ၊ မြိုင်မြို့နယ်စီမံခန့်ခွဲရေးရုံးနှင့် စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
1 / 2
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့မှာ ဇူလိုင် ၂၆ ရက် ညပိုင်းက မြန်မာ့စီးပွားရေးဘဏ် ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့-CGF ကနေ သိရပါတယ်။

ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၇ ယောက်လောက်ကို ဇူလိုင် ၂၆ ရက် ည ၈ နာရီ ၁၅ မိနစ်လောက်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CGF ရဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ပေတက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီလိုတိုက်ခိုက်ရာမှာ ပထမတလုံး ပစ်သွင်းတိုက်ခိုက်တော့ ဗုံးက Error ဖြစ်ပြီး မပေါက်ကွဲဘူးဗျ။ ဒုတိယတလုံး ပစ်သွင်းတိုက်ခိုက်ရာမှာ သံပြားတွေ၊ သွပ်ပြားတွေ ကာရံပြီး ဆောက်ထားတဲ့ သူတို့ရဲ့တဲထဲကို တည့်တည့်ကျရောက်ပေါက်ကွဲကာ စစ်ကောင်စီတပ်သား တယောက်က နေရာတင် လဲကျသွားတာ တွေ့ရပြီး သူတို့ဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တာကြောင့် အတိအကျသိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်။”

မတရားအာဏာလုယူထားတဲ့ စစ်ကောင်စီက လုပ်ပိုင်ခွင့်မရှိတဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူတွေကို ပြည်သူတွေ ဒုက္ခတွေရောက် ဆင်းရဲမွဲတေနေတဲ့ကြားက ငွေကြေးဖောင်းပွမှုတွေဖြစ်ပြီး ဆင်းရဲတွင်းနက်သထက်နက်အောင် အတင်းအဓမ္မ ထုတ်ဝေနေတာကို  မကျေနပ်လို့ တိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို CGF၊ ချောက်မြို့နယ်ပကဖ၊ Burma Revolution Rangers တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း ဇူလိုင် ၂၆ ရက် ညပိုင်းက မြို့နယ်စီမံခန့်ခွဲရေးရုံးနဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင်မြို့နယ်ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့ စီမံခန့်ခွဲရေးရုံးနဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၂၆ ရက် ည ၆ နာရီ ၄၈ မိနစ်မှာ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေပြီး တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာနဲ့အမျှ စစ်(...)၊ ပျူ(...)တွေအနေနဲ့ လုံခြုံမှုကင်းမဲ့နေပြီဆိုတဲ့ အတွေးဖြစ်ပေါ်စေအောင် အခွင့်အရေးရတာနဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

မိဘပြည်သူတွေအနေနဲလည်း စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ နေထိုင်သွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ အတတ်နိုင်ဆုံး ပြည်သူတွေ ထိခိုက်မှုမရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၃ ဗိုလ်လင်းမြွေအဖွဲ့က ဦးဆောင်ကာ M ဒေါင်းနီအဖွဲ့၊ Hero အဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013