DVB Logo
Home
အားကစား
အမျိုးသမီးဘောလုံးသမားများ အမျိုးသားများနှင့် တန်းတူညီမျှ လုပ်ခလစာရရန် အလှမ်းဝေးနေ
DVB
·
July 27, 2023
အမျိုးသမီးဘောလုံးသမားများ အမျိုးသားများနှင့် တန်းတူညီမျှ လုပ်ခလစာရရန် အလှမ်းဝေးနေ
Donate to DVB

အမျိုးသမီးဘောလုံးသမားတွေအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူညီတဲ့ လုပ်ခလစာရရှိဖို့ စိတ်ရှည်နေရဆဲဖြစ်ကြောင်း ပြင်သစ်အမျိုးသမီးနည်းပြ ဟာဗေးရနာ့ဒ်က ပြောသွားပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနိုက လာမယ့် ၂၀၂၇ ခုနှစ်မှာ အမျိုးသမီး ဘောလုံးသမားတွေဟာလည်း အမျိုးသားတွေလို လုပ်ခရရှိဖို့ ရည်မှန်းထားတာပါ။

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံမှာ လက်ခံကျင်းပနေတဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ပြိုင်ပွဲကထက် ကြည့်ရှုသူဦးရေ ၆၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲဝင်အသင်းတွေကို ပေးချေတဲ့ ဆုကြေးအပိုင်းမှာတော့ အမျိုးသားအသင်းတွေကို ပေးချေတဲ့ ပမာဏနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း ၃၂ သင်းက ပေါင် ၃၆၅ သန်း အထိ ရရှိခဲ့ပေမဲ့ အခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားမှာတော့ ပေါင် ၁၂၅ သန်းသာ ရရှိတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားမှာ ဆော်ဒီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပြင်သစ်အမျိုးသမီးနည်းပြ ရနော့ဒ်ကတော့ အမျိုးသားတွေလို လုပ်ခရရှိဖို့ အမျိုးသမီးကစားသမားတွေအနေနဲ့ စိတ်ရှည်သည်းခံသွားရဦးမှာ ဖြစ်ကြောင်း သုံးသပ်ပြောပါတယ်။

ပြင်သစ်အမျိုးသမီးအသင်းဟာ အဖွင့်ပွဲမှာ ဂျမေကာအသင်းကို တယောက်အသာနဲ့ ကစားရပေမဲ့ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013