DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်နိုင်ငံတဝန်းရှိ အလှပြင်ဆိုင်အားလုံးကို တာလီဘန် ပိတ်သိမ်း
DVB
·
July 27, 2023
အာဖဂန်နစ္စတန်နိုင်ငံတဝန်းရှိ အလှပြင်ဆိုင်အားလုံးကို တာလီဘန် ပိတ်သိမ်း
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံတဝန်းရှိ အလှပြင်ဆိုင် ထောင်ပေါင်းများစွာကို တာလီဘန်အာဏာပိုင်တွေက အင်္ဂါနေ့မှာ အပြီးတိုင် ပိတ်သိမ်းလိုက်ပါပြီ။

ခုလို အလှပြင်ဆိုင်တွေ ရုတ်တရက် ပိတ်လိုက်တာကြောင့်  အမျိုးသမီးတွေအတွက် ဝင်ငွေလမ်းရလမ်း လုပ်ငန်းအနည်းငယ်ထဲက တခု ပြတ်တောက်သွားသလို လူမှုပေါင်းသင်းဆက်ဆံရေးအတွက် မြတ်နိုးစရာနေရာတနေရာ ဆုံးရှုံးသွားတာလည်း ဖြစ်ပါတယ်။

အလှပြင်မွမ်းမံခြင်းအတွက် အလွန်အကျွံသုံးစွဲတာဟာ ဆင်းရဲတဲ့ မိသားစုတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့  ဒီအမိန့်နဲ့ပတ်သက်လို့  နိုင်ငံရဲ့ သီလမြှင့်တင်ရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက အကြောင်းပြချက်ပေးပါတယ်။ တချို့ အလှပြင်ဆိုင်တွေတွေဟာ  အစ္စလာမ့်မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မိတ်ကပ်ပညာရှင် အိန်ဂျလာ အလီဇာဒါက “ပညာရေးမရှိ၊ တက္ကသိုလ်မရှိ၊ ကျောင်းတွေ ပိတ်တယ်။ အားလုံးကို တားမြစ်ထားလို့ ဘယ်သွားလို့ရမလဲ၊ ဘယ်နေရာမှာ အလုပ်လုပ်လို့ရမလဲ ဆိုတာ တကယ် ဝေဝါးနေပြီ။ ကျမရဲ့ မိသားစုကို ကျွေးမွေးဖို့ တရားဝင် ဝင်ငွေ ဘယ်မှာရှာရမလဲ”လို့  ပြောပါတယ်။

အခုလို အလှပြင်ဆိုင်တွေ ပိတ်ခံရတာဟာ အာဖဂန်အမျိုးသမီးတွေရဲ့ တရားဝင်အခွင့်အရေးတွေကို ကန့်သတ်တဲ့ တာလီဘန်တွေရဲ့ မူဝါဒတွေထဲက နောက်ဆုံးပေါ် တားဆီးပိတ်ပင်ချက်ပါ။

၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အာဏာသိမ်းပြီးကတည်းက တာလီဘန်တွေက အထက်တန်းကျောင်း တွေနဲ့ တက္ကသိုလ်တွေအပြင် ပန်းခြံတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ အားကစားခန်းမတွေကနေ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013