DVB Logo
Home
မြန်မာသတင်း
နာကူအသင်းများ စစ်တပ်အတွက် လက်နက်ခဲယမ်း သယ်မပေးရန်  မြိတ် ပ.က.ဖ သတိပေး
DVB
·
July 27, 2023
နာကူအသင်းများ စစ်တပ်အတွက် လက်နက်ခဲယမ်း သယ်မပေးရန်  မြိတ် ပ.က.ဖ သတိပေး
Donate to DVB

မြိတ်မြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်းတွေအနေနဲ့ စစ်ကောင်စီတပ်အတွက် လက်နက်ခဲယမ်းတွေ သယ်ပေးနေတာမလုပ်ဖို့နဲ့  ဆက်လက် အားပေးကူညီနေမယ်ဆိုပါက စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမယ်လို့ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတိပေးထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာ မြိတ်မြို့နယ် နာရေးကူညီမှု အသင်းတွေဆိုတာ ချမ်းမြေ့၊ ဂရုဏာ၊ ချစ်ကြည်ရေး၊ ရွှေရောင်နေ့သစ်နဲ့ ပီတိကုသိုလ် နာရေးကူညီမှုအသင်းတွေ ပါဝင်နေပါတယ်။

မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက “စကစရဲ့ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်ပေးနေတယ်လို့ သတင်းရရှိသလို ပြီးခဲ့တဲ့အပတ်လောက်က ပုလောဘက်ကို လက်နက်ခဲယမ်း တင်ဆောင်ပေးနေတယ်လို့ သူတို့နဲ့နီးစပ်သူတွေက သတင်းပေးပို့ထားပါတယ်။ ပြည်သူကို ကူညီပေးနေတဲ့ အဲဒီအသင်းအဖွဲ့တွေက ပြည်သူကို သတ်ဖို့ စကစရဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ သယ်ဆောင်ပေးနေတယ်ဆိုတဲ့အတွက်ကြောင့်လည်း များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် နောက်နောင် မလုပ်ဆောင်ပေးကြဖို့ သတိပေးစာ ထုတ်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ရွှေရောင်နေ့သစ်အသင်း တာဝန်ခံက “သူတို့ထုတ်ပြန်ချက်ထဲမှာပါတဲ့ အရာတွေအနေနဲ့ ကျနော်တို့ မသိပါဘူး။ မသိဘူးဆိုတာက လုပ်ဖို့ဆိုတာက ကျနော်တို့အနေနဲ့ စဉ်းတောင် မစဉ်းစားမိဘူး။ သတင်းအချက်ရရှိမှု မခိုင်မာဘဲနဲ့ ထုတ်ပြန်တာလို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။ ဘယ်အချိန်မှာ ဘာလုပ်တယ်ဆိုတာ တိတိကျကျ အထောက်အထားနဲ့ တင်စေချင်တယ်။ ဒီထုတ်ပြန်ချက်ကို ကျနော်တို့အနေနဲ့ လုံးဝလက်မခံပါဘူး။ နောက်ပြီးတော့ ကျနော်တို့လုံခြုံရေးကို ထိခိုက်တယ်လို့ မြင်တယ်” လို့ ပြောပါတယ်။

မြိတ်မြို့နယ်အတွင်းမှာရှိတဲ့ ပရဟိတ နာရေးကူညီမှုအသင်းတွေအနေနဲ့ တိုက်ပွဲတွေကြားမှာ ဖြတ်ပြီး လူနာသယ်ယူပို့ဆောင်ရတာတွေနဲ့ တချို့အသင်းတွေမှာ စစ်ကောင်စီရဲ့ အတင်းအကျပ် စေခိုင်းမှုတွေကြောင့် ပြုလုပ်ရတာတွေ ရှိနေတယ်လို့ နာရေးကူညီမှု အသင်းတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013