DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးရှိ ရုပ်ရှင်ရုံများတွင်  ကြည့်ရှုသူ ပြန်လည်များပြားလာ
DVB
·
July 27, 2023
ရန်ကုန်နှင့် မန္တလေးရှိ ရုပ်ရှင်ရုံများတွင်  ကြည့်ရှုသူ ပြန်လည်များပြားလာ
Donate to DVB

ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ကြည့်ရှုသူတွေ အခုနှစ် ဇွန်လပိုင်းလောက်တည်းက ပြန်လည်များပြားလာတယ်လို့ ရုပ်ရှင်ရုံဝန်ထမ်းတွေကနေတဆင့် သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေကို ၂၀၂၀ ပြည့်နှစ်က စပိတ်ထားခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီ ၁၆ ရက်မှာ စစ်ကောင်စီက ပြည်သူတွေ ပုံမှန်သွားလာနေတဲ့ ပုံရိပ်ရရှိဖို့ ရုပ်ရှင်ရုံတွေကို အတင်းအကျပ် ပြန်လည်ဖွင့်ခိုင်းခဲ့ပါတယ်။

အစပိုင်းမှာ ကြည့်ရှုသူတွေ နည်းပါးခဲ့တာကြောင့် ရုပ်ရှင်ရုံတချို့ ပိတ်သိမ်းခဲ့ရပေမဲ့ အခုနှစ် ဇွန်လအစပိုင်းလောက်မှာ ကြည့်ရှုသူ သိသိသာသာ များပြားလာတယ်လို့ သိရပါတယ်။

ပုဂ္ဂလိက ရုပ်ရှင်ရုံတခုမှ ဝန်ထမ်းတဦးက “စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ ကြည့်တဲ့သူ ပိုများပြီး ဇာတ်ကားတကားပြတဲ့ ပွဲချိန်တိုင်းမှာ အမြဲလူပြည့်တယ်။ ကြားရက်တွေမှာလည်း ပိတ်ရက်လောက် ကြည့်တဲ့သူ မများပေမဲ့ တနေ့ကို ပျမ်းမျှအားဖြင့် လူ ၁၀၀ ကျော်လောက်တော့ အနည်းဆုံး လာကြည့်တယ်” လို့ ပြောပါတယ်။

ရုပ်ရှင်ရုံတွေမှာလည်း လျှပ်စစ်မီးပျက်တာ များနေတာကြောင့် လက်မှတ်ခဈေးနှုန်းတွေကို တိုးမြှင့်ထားပြီး လက်မှတ်တစောင်ကို အနည်းဆုံး ကျပ် ၄,၀၀၀ ကနေ စတင်ရောင်းချနေရကာ စုံတွဲခုံဆိုရင်တော့ ကျပ် ၁၇,၀၀၀ အထိ တိုးမြှင့်ရောင်းချနေရတယ်လို့ သိရပါတယ်။

နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းထားတဲ့ စစ်ကောင်စီက ပြည်သူတွေ ပုံမှန်သွားလာနေတဲ့ ပုံရိပ်ရရှိဖို့ ရုပ်ရှင်ရုံတွေကို အတင်းအကျပ် ပြန်လည်ဖွင့်ခိုင်းခဲ့ပေမဲ့ အနုညာရှင်တွေကို ဆက်လက်ဖမ်းဆီးထားတာကြောင့် ပရိတ်သတ်တွေက ရုပ်ရှင်ရုံတွေမှာ သွားမကြည့်ဘဲ သပိတ်မှောက်ထားကြတာပါတယ်။

အခုအချိန်မှာတော့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်အတော်များများ ပြန်လည်လွတ်မြောက်လာပြီး ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကိုလည်း ၃ နှစ်ပေါင်းပြီး စစ်ကောင်စီက ကျင်းပခဲ့ပါတယ်။ ဒီနောက်မှာတော့ ရုပ်ရှင်၊ တီဗီဇာတ်လမ်းတွဲနဲ့  ကြော်ငြာ ရိုက်ကူးရေးတွေမှာ အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေ ပြန်လည်မြင်တွေ့လာရတာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေမှာ တတ်နိုင်သမျှ မပါဝင်ဘဲ ဆန့်ကျင်ကြဖို့  မြို့ပြပြောက်ကျားအဖွဲ့ဝင်တဦးက တိုက်တွန်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013