DVB Logo
Home
အားကစား
ကမ္ဘာ့ဖလားနိုင်ပွဲဟာ ဖိလစ်ပိုင်အတွက် အကြီးမားဆုံးအောင်ပွဲဖြစ်ဟု နည်းပြပြော
DVB
·
July 26, 2023
ကမ္ဘာ့ဖလားနိုင်ပွဲဟာ ဖိလစ်ပိုင်အတွက် အကြီးမားဆုံးအောင်ပွဲဖြစ်ဟု နည်းပြပြော
Donate to DVB

အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ နိုင်ပွဲစတင်ရရှိခဲ့တာက ဖိလစ်ပိုင်နိုင်ငံအတွက် အကြီးမားဆုံး အောင်ပွဲဖြစ်ကြောင်း ဖိလစ်ပိုင်နည်းပြ စတက်ဆစ်က ပြောသွားပါတယ်။

ဖိလစ်ပိုင်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပေမဲ့ အိမ်ရှင်နယူးဇီလန်အသင်းကို   အုပ်စု ဒုတိယပွဲစဉ်မှာ တစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်နိုင်ငံအသင်းကို အနိုင်ယူခဲ့တာက ထိပ်တန်းအဆင့် အောင်မြင်မူဖြစ်ပြီး ဖိလစ်ပိုင်အားကစားလောကမှာ အခုထက် ပိုပြီးကြီးမားတဲ့အောင်ပွဲရှိတယ်လို့ မထင်ကြောင်း နည်းပြ စတက်ဆစ်က ပြောပါတယ်။

နည်းပြစတက်ဆစ်က “နိုင်ပွဲရအပြီးမှာ ကစားသမားတိုင်းက စိတ်ခံစားမှုများလို့ ငိုကြွေးခဲ့ကြပြီး မယုံကြည်နိုင်စရာ ကောင်းပါတယ်။ ပြိုင်ပွဲကို ပထမဆုံးဝင်ပြိုင်ခွင့်ရတဲ့အသင်းတသင်းအတွက် ပထမဆုံးနိုင်ပွဲရဖို့က အတော်ကြာရှည်တဲ့အထိစောင့်ဆိုင်းရလေ့ရှိတာပါ။ ဒါပေမဲ့ ကျနော်တို့အသင်းကတော့ ပထမဆုံး ပြိုင်ပွဲမှာပဲ ပထမဆုံးနိုင်ပွဲရရှိခဲ့ပြီဖြစ်တယ်။ ဒီနိုင်ပွဲက ဖိလစ်ပိုင်နိုင်ငံရဲ့အားကစားသမိုင်းမှာ အကြီးမား ဆုံးအောင်ပွဲတစ်ခုဖြစ်တယ်”လို့ ပြောပါတယ်။

သြစတြေးလျလူမျိုးနည်းပြ အလန်စတက်ဆစ်ဟာ ဖိလစ်ပိုင်အသင်းကို ၂၀၂၁ ခုနှစ်ကတည်းက တာဝန်ယူခဲ့တာဖြစ်ပါတယ်။ 

Photo- Philippine Women's National Football Team

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013