DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ် ပြန်ဆက်ရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံး ဗုံးပေါက်၊ စခန်းမှူးနှင့် တပ်ကြပ် ဒဏ်ရာရ
DVB
·
July 25, 2023
ချောက်မြို့နယ် ပြန်ဆက်ရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံး ဗုံးပေါက်၊ စခန်းမှူးနှင့် တပ်ကြပ် ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးထောင့်နဲ့ ကြံ့ခိုင်ရေးပါတီရုံးမှာ ဇူလိုင် ၂၅ ရက် ဒီနေ့တရက်တည်း ဗုံးသုံးကြိမ်ပေါက်ခဲ့ရာ ချောက်မြို့မရဲစခန်းက စခန်းမှူးနဲ့ စစ်ကောင်စီတပ်မှ တပ်ကြပ်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၇ နာရီက ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးထောင့်မှာ ဗုံးထောင်ထားတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ ရဲတွေ လာရောက်စဥ် ဗုံးပေါက်ကွဲပြီး ဒုရဲမှူးနဲ့ တပ်ကြပ်တဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“သေနတ်သံတွေလည်း ကြားရတယ်၊ ပြီးတော့ ဗုံးပေါက်တာ၊ လူနာတင်ကားနဲ့ လာသယ်သွားတယ်။ စခန်းမှူးနဲ့ တပ်ကြပ်တဦး ဒဏ်ရာရတယ်။ ဒီညနေ ငါးနာရီက ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဗုံးထပ်ပေါက်တယ်။ အခြေအနေ မသိရသေးဘူး။”

ချောက်မြို့နယ် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးထောင့် ဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ ဒုရဲမှူးနဲ့ စစ်တပ် တပ်ကြပ်တဦး ဒဏ်ရာရပြီး တရက်တည်း ဗုံးသုံးကြိမ်ပေါက်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနက်က ဗုံးထောင်ထားတယ် သတင်းရလို့ စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က သွားတာ၊ တပ်က ဗုံးကို သေနတ်နဲ့ပစ်ပြီးခွဲတာ၊ စခန်းမှူးရပ်နေတဲ့နေရာက ဗုံးပါ ထပေါက်ပြီး ဒဏ်ရာရတယ်၊ အခြေအနေက စိုးရိမ်ရတယ်။”

စစ်ကောင်စီတပ်က ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံပို့ဆောင်ပြီးနောက် ညနေလေးနာရီက မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးကို ထပ်မံစစ်ဆေးခဲ့ရာ တတိယအကြိမ် ဗုံးထပ်မံပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဗုံးသုံးကြိမ်ပေါက်ပြီးနောက် ချောက်မြို့နယ် ဌာနဆိုင်ရာရုံးအနီးမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013