DVB Logo
Home
မြန်မာသတင်း
မှုခင်းသတင်းထောက်အပါအဝင် ၃ ဦးထံက မူးယစ်ဆေးနှင့်လက်နက်များ  ဖမ်းမိ
DVB
·
July 25, 2023
မှုခင်းသတင်းထောက်အပါအဝင် ၃ ဦးထံက မူးယစ်ဆေးနှင့်လက်နက်များ  ဖမ်းမိ
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု ထိန်ကြီးကျေးရွာနဲ့ ဂေါ့အင်းကျေးရွာတို့မှာ ဇူလိုင် ၂၁ ရက်ညက မှုခင်းသတင်းထောက် အပါအဝင် အမျိုးသား ၃ ဦးဆီက မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ လောင်းလုံး ပကဖက ဇူလိုင် ၂၅ ရက်မှာ  သတင်းထုတ်ပြန်ပါတယ်။

ဖမ်းမိသူ ၃ ဦးဆီက WY ဆေးပြား ၃၇၅ ပြားနဲ့ ငွေသားကျပ် ၂၈၇,၂၀၀၊ ပစ္စတိုလေသေနတ်၊ ပွိုင့် ၂၂ သေနတ်အရှည် ၁ လက်၊ ဓားရှည် ၃ ချောင်း၊ ဓား​မြှောင် ၄ ချောင်း နဲ့ လက်ရိုက်တုတ် ၁ ချောင်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

မှုခင်းသတင်းထောက်ဆိုသူ အမျိုးသားကို စစ်ဆေးရာ နေပြည်တော်ဟစ်တိုင် မူးယစ်ဆန့်ကျင်ရေး၊ သတင်းစုံစမ်းရေး၊ လူမှုကူညီရေး မြေလျှောက်ဝိဇ္ဇာ (ဗဟိုစည်းရုံးရေးမှူး) မြိတ်မြို့ ဆိုတဲ့ အဖွဲ့ဝင်ကပ်ပြားတခုနဲ့ မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအဖွဲ့ချုပ် အထူးသတင်းထောက်ဆိုတဲ့ ရင်ထိုးတခုကို  အထောက်အထားအဖြစ် တွေ့ရှိခဲ့ရပါတယ်။ 

သူတို့  ၃ ဦးကို ကြိမ်ဒဏ် ၇ ချက်ပေးကာ နောက်ထပ်ကျူးလွန်ပါက ပြင်းထန်စွာအရေးယူခံရမယ်လို့ ခံဝန်ထိုးခိုင်းပြီး အပြစ်ပေးခဲ့ပါတယ်။  ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကိုတော့ မီးရှို့ဖျက်ဆီးလိုက်ပြီး သိမ်းဆည်းရမိတဲ့ပိုက်ဆံတွေကို စစ်ဘေးရှောင်တွေအတွက် အသုံးပြုသွားမယ်လို့ လောင်းလုံး ပကဖက ဆိုပါတယ်။

ခံဝန်ထိုးပြီးနောက်ပိုင်း အခြေအနေကို လောင်းလုံး ပကဖ ​ပြန်ကြားရေး တာဝန်ခံအား ဒီဗွီဘီက ဆက်သွယ်မေးမြန်းကြည့်ရာ "မြို့နယ်ထဲမှာ သူတို့တွေကိုတော့  စောင့်ကြည့်နေရတဲ့ အနေထားပါပဲ" လို့ ဖြေကြားပါတယ်။

ပြည်သူလူထုအနေနဲ့လည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သုံးစွဲမှု မပြုလုပ်ဖို့နဲ့ မိသားစုတွေထဲမှာ သုံးစွဲသူတွေရှိနေခဲ့ရင် တားမြစ်ကြဖို့ တိုက်တွန်းလိုတယ်လို့ လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

လောင်းလုံးမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲမှုတွေကို မေတ္တာရပ်ခံ တားမြစ်နေပေမဲ့ ဆက်လက်ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013