
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်မှာ စစ်ကောင်စီက မိခင်နဲ့ သား ၄ ယောက်ကို ဇူလိုင် ၂၃ ရက် မနက် ၂ နာရီမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
“မိသားစု ၅ ယောက်စလုံးကို ဖမ်းဆီးခေါ်ဆောင်သွားတာတော့ မနက်မှ သိရတယ်။ အဲဒီမိသားစု ၅ ယောက်ထဲမှာ အသက်မပြည့်တဲ့ ယောက်ျားလေးတယောက်ပါတယ်” လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
မြို့ခံတဦးက “ဘာကြောင့်ဖမ်းဆီးတာလဲဆိုတာ ကျနော်တို့လည်း မသိရဘူး။ လက်ကိုင်ဖုန်းတွေ အားလုံး သိမ်းသွားတယ်။ အိမ်မှာက ဖခင်ဖြစ်သူနဲ့ သမီးတယောက်ပဲ ကျန်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို မြိတ်မြို့၊ ရဲစခန်းမှာ ချုပ်ထားပြီး မိသားစုနဲ့ ဇူလိုင် ၂၄ ရက်မှာ တွေ့ခွင့်ရကာ ရဲစခန်းက အာမခံမထုတ်ပေးဘူးလို့ မိသားစုနဲ့ နီးစပ်သူဆီက သိရပါတယ်။