DVB Logo
Home
Lead Story
Facebook မှာ နိုင်ငံရေး အတင်းအဖျင်းသတင်းတွေ ဘာကြောင့် အတွေ့နည်းရတာလဲ
DVB
·
July 25, 2023
Facebook မှာ နိုင်ငံရေး အတင်းအဖျင်းသတင်းတွေ ဘာကြောင့် အတွေ့နည်းရတာလဲ
Donate to DVB

စင်ကာပူပါလီမန်လွှတ်တော်ဥက္ကဋ္ဌဟောင်း မစ္စတာတန်ချွန်းဂျင်နဲ့ လွှတ်တော်အမတ်ဟောင်း မစ္စချန်လီဟွေတို့ ကြား ဆက်ဆံရေးအပေါ် လူအများ စိတ်ဝင်စားမှု မြင့်တက်လာတာကြောင့် ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေဟာ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီအကြောင်းအရာနဲ့ ဆက်စပ်တဲ့ သတင်းတွေ မရပ်မနား စီးဆင်းလာမယ်လို့ မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ သူတို့ စိတ်ပျက်သွားဖို့ရှိပါတယ်။ တကယ်ပါ၊ ဘာကြောင့်လဲဆိုတော့ သူတို့ ရဲ့ ဖေ့စ်ဘွတ်ခ် feed ကို စစ်ဆေးကြည့်လိုက်တဲ့အခါ ခွေးတွေရဲ့ ရယ်စရာကောင်းတဲ့ ဗီဒီယိုတွေနဲ့ ဖျော်ဖြေပွဲတွေအကြောင်း ဆောင်းပါးတွေကို မြင်တွေ့ခဲ့ပါတယ်။ သတင်းဌာနတွေဟာ သတင်းတွေကို တပုဒ်ပြီးတပုဒ် အဆက်မပြတ် ဖော်ပြနေတာတောင် မစ္စတာတန်ချွန်းဂျင်နဲ့ မစ္စချန်လီဟွေတို့ရဲ့ အရှုပ်တော်ပုံသတင်းနဲ့  ပြီးခဲ့တဲ့တပတ်က အဲဒီသတင်းလို့ပဲ လူတွေ အလန့်တကြားဖြစ်စေခဲ့တဲ့ စင်ကာပူပို့ဆောင်ရေးဝန်ကြီးကို ဖမ်းဆီးတဲ့သတင်းတွေက ဖေ့စ်ဘွခ်မှာ အနည်းအကျဉ်းလောက်သာ မြင်တွေ့ရပါတယ်။

မကြာသေးခင်က ၂၀၁၅ ခုနှစ်မှာ ဖေ့စ်ဘွတ်ခ်က တာဝန်ယူခဲ့တဲ့ လေ့လာမှုတခုမှာ စင်ကာပူနိုင်ငံသားတွေဟာ သတင်းတွေကို သိရှိဖို့  ဒီပလက်ဖောင်းကို အသုံးပြုကြတာကို တွေ့ရှိခဲ့ရပါတယ်။

ဖေ့စ်ဘွတ်ခ် စာမျက်နှာသစ်မှာ ဘာကြောင့် နိုင်ငံရေးသတင်းတွေကို အတွေ့ရနည်းလဲဆိုတာ ဒီဆောင်းပါးမှာ ရေးသားဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ သတင်းတွေကို အာရုံစိုက်မှု နည်းသလား။

ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ရဲ့ စီအီးအိုဖြစ်သူ မာ့ခ်ဇူကာဘာ့ဂ်က ၂၀၂၁ ခုနှစ်မှာ ရရှိခဲ့တဲ့ တူညီတဲ့ တုံ့ပြန်ချက်က‌တော့ လူတွေဟာ သူတို့ရဲ့စာမျက်နှာသစ်တွေမှာ “နိုင်ငံရေးနဲ့ တိုက်ပွဲဝင်” သတင်းတွေကို မလိုလားကြကြောင်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် အဲ့ဒီအချိန်မှာ ကုမ္ပဏီက ကနေဒါ၊ ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ အမေရိကန်က လူအနည်းငယ်အတွက် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေ ဖြန့်ဝေမှုကို ယာယီလျှော့ချမယ်လို့ ပြောကြားခဲ့ပါတယ်။

အပြုသဘောဆောင်တဲ့ ရလဒ်တွေအဖြစ် ဖော်ပြပြီးနောက် ဖေ့စ်ဘွတ်ခ်ဟာ မတူညီတဲ့ နိုင်ငံတွေနဲ့ အကြောင်းအရာတွေကို လွှမ်းခြုံနိုင်ဖို့ အစမ်း စမ်းသပ်မှုကို တိုးချဲ့မယ်လို့ ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာတော့ ပို့စ်တစ်ခုဟာ နိုင်ငံရေးသဘောသဘာဝရှိ၊ မရှိ ဆုံးဖြတ်ဖို့ မှတ်ချက်‌တွေကို အသုံးပြုကာ သူ့ရဲ့ ဉာဏ်ရည်တုစနစ်တွေဟာ သုံးစွဲသူတွေရဲ့ နှစ်သက်မှုကို နားလည်စေပြီး ကူညီပေးနိုင်ဖို့အတွက် စစ်တမ်းတွေကို အသုံးပြုခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဟာ အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းမှားတွေကို ကြော်ငြာနေတယ်လို့ စင်ကာပူ စီမံခန့်ခွဲမှုတက္ကသိုလ် (SMU) Lee Kong Chian School of Business က ဒေါက်တာ ထရေစီ လိုးဟ်က ထောက်ပြခဲ့ပါတယ်။

“ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ လူတွေရဲ့ feeds မှာ နိုင်ငံရေး အကြောင်းအရာတွေကို အဆင့်မဖြတ်ဘဲ နိုင်ငံရေးအုပ်စုတွေကို လူတွေကို အကြံပြုတာကို ရပ်ပစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။”

“ဒါဟာ ဖေ့စ်ဘွတ်မှာတင် နှိုးဆွတက်ကြွ‌စေတဲ့ ပြောဆိုမှုတင်မဟုတ်ဘဲ သတင်းမှားနဲ့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုတွေအတွက် တုံ့ပြန်ခြင်းဖြစ်ပါတယ်” လို့ SMU က အကြီးတန်းကထိက ဒေါက်တာ လိုးဟ်က ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ နိုင်ငံရေးသတင်းတွေကို မြင်နေရသေးလား။

ဖေ့စ်ဘွတ်ခ်က ဖန်တီးထားတဲ့ tweaks တွေဟာ သူ့ရဲ့ အယ်လ်ဂိုရီသမ်ရဲ့ တစိတ်တပိုင်းသာဖြစ်ပြီး မတူညီတဲ့ အစိတ်အပိုင်းများစွာ ပါရှိတယ်လို့ ဒေါက်တာလိုးဟ်က မှတ်ချက်ပြုခဲ့ပါတယ်။

“သင်ကိုယ်တိုင်က နိုင်ငံရေးအချက်အလက်တွေကို ပိုပြီးကြည့်ရှုလိုတယ် ဆိုရင်တော့ အယ်လ်ဂိုရီသမ်က သင့်အတွက် နိုင်ငံရေးအချက်အလက်တွေကို ဆက်လက် ဆောင်ရွက်ပေးမှာပါ” လို့ သူက ပြောပါတယ်။

ပလက်ဖောင်းပေါ်မှာ နိုင်ငံရေးသတင်းတွေကို မျှဝေတဲ့ သူငယ်ချင်းတွေဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။

သူတို့ရဲ့စမ်းသပ်မှုတွေဟာ လူတွေကို သူတို့မြင်လိုတဲ့ အကြောင်းအရာ အမျိုးအစားကို ပြသပေးမယ်လို့ Meta က ယုံကြည်ပါတယ်။

“သူတို့ရဲ့ feed မှာ လူတွေမြင်ရတဲ့ ၃ ရာခိုင်နှုန်းထက် နည်းတဲ့ နိုင်ငံရေးအကြောင်းအရာက သူတို့အတွက် အရေးကြီးဆုံးဆိုတာကို လူတွေမြင်အောင် သေချာအောင်လုပ်ဖို့က ကျနော်တို့ရဲ့ ရည်မှန်းချက်ပဲ” လို့ ဆိုပါတယ်။

ဇူလိုင်လအစောပိုင်းမှာ Meta ဟာ Threads လို့ခေါ်တဲ့ အပလီကေးရှင်းအသစ်ကို မိတ်ဆက်ခဲ့ပြီး အချို့က “Twitter killer” လို့ ခေါ်ဆိုခဲ့ကြပါတယ်။

ဒေါက်တာလိုးဟ်က တွစ်တာကို ပိုပြီး “သတင်း” ဆိုရှယ်မီဒီယာ ပလက်ဖောင်းတခုအဖြစ် ရှုမြင်ကြပြီး Meta ဟာ သူ့ရဲ့အသုံးပြုသူတွေကို Threads မှာ သတင်းရယူလိုခြင်း ဖြစ်ပါတယ်။

Threads ရဲ့ အယ်လ်ဂိုရီသမ်ဟာ တွစ်တာနဲ့ ဆင်တူခြင်း ရှိ၊ မရှိ၊ ဒါမှမဟုတ် ဖေ့စ်ဘွတ်ခ် အယ်လ်ဂိုရီသမ်နဲ့ ပိုမိုဆင်တူခြင်း ရှိ၊ မရှိ သိဖို့ စောလွန်းသေးတယ်လို့ ဒေါက်တာလိုးဟ် က ဆိုပါတယ်။

တခြားပလက်ဖောင်းတွေ ဘာတွေလုပ်နေလဲ။

Meta က ပိုင်ဆိုင်တဲ့ WhatsApp ဟာ စင်ကာပူမှာ သတင်းအတွက် လူသုံးအများဆုံး လူမှုရေးအက်ပ်အဖြစ် ဆက်လက်တည်ရှိနေတယ်လို့ Reuters Institute for the Study of Journalism က နှစ်စဉ် ဒစ်ဂျစ်တယ်သတင်းအစီရင်ခံစာအရ သိရပါတယ်။

TikTok ဟာ အပတ်တိုင်း သတင်းအတွက် အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အရွယ်တွေအနက် ၂၂ ရာခိုင်နှုန်းအထိ ရောက်ရှိလာတယ်လို့ အဆိုပါအစီရင်ခံစာက ဆိုပါတယ်။

ByteDance ပိုင်ဆိုင်တဲ့အက်ပ်ဟာ စိတ်ဝင်စားမှုအပေါ် အခြေခံပြီး သုံးစွဲသူတွေရဲ့ အကြောင်းအရာကို အကြံပြုထားပေမဲ့ လူအများစုဟာ နောက်ဆုံးရသတင်းရယူဖို့ TikTok ကို အသုံးမပြုကြကြောင်း SMU ရဲ့ ‌ ဒေါက်တာလိုးဟ်က ပြောကြားခဲ့ပါတယ်။

“လူတွေက မတူညီတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ မတူညီတဲ့ ပလက်ဖောင်းတွေကို အသုံးပြုကြပါတယ်။”

ဘာသာပြန်သူ -လီလီ

Ref:CNA (စင်ကာပူအခြေစိုက် Channel news Asia (CNA) သတင်းဌာနမှာ ဆောင်းပါးရှင်  Abigail Ng  ရေးသားဖော်ပြထားထားတဲ့   “Why political scandals may not show up when you're scrolling through Facebook” ဆောင်းပါးကို ဘာသာပြန်ဖော်ပြသည်။ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013