DVB Logo
Home
အားကစား
အင်္ဂလန်ဂန္ထဝင်ဘောလုံးသမားကြီး ထရီဗာဖရန်စစ် ကွယ်လွန်
DVB
·
July 25, 2023
အင်္ဂလန်ဂန္ထဝင်ဘောလုံးသမားကြီး ထရီဗာဖရန်စစ် ကွယ်လွန်
Donate to DVB

အင်္ဂလန်လက်ရွေးစင်နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ရဲ့ ဂန္ထဝင်တိုက်စစ်မှူး ထရီဗာဖရန်စစ်ဟာ စပိန်နိုင်ငံ မာဘယ်လာမြို့မှာ ဇူလိုင်  ၂၄ ရက်က ကွယ်လွန်သွားပါတယ်။

ထရီဗာဖရန်စစ်ဟာ ကမ္ဘာ့ပထမဆုံး ပေါင် ၁ သန်းတန် ကစားသမားဖြစ်ခဲ့ပြီး အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း ၁၆ နှစ်နဲ့ စံချိန်တင်ခဲ့ပါတယ်။

၁၉၇၉ နဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာ ထရီဗာဖရန်စစ်ဟာ နော်တင်ဟမ်ဖောရက်စ်ရဲ့ သမိုင်းဝင် ချန်ပီယံလိဂ် ၂ ကြိမ်ဆက် ရရှိခဲ့တဲ့အသင်းမှာ အဓိက ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

အင်္ဂလန် ဂန္ထဝင်ကစားသမား  ဂယ်ရီလိုင်နီကာက “ဖရန်စစ် ကွယ်လွန်တဲ့အကြောင်း ကြားရတဲ့အတွက် အလွန်ဝမ်းနည်းပါတယ်။ ချစ်စရာကောင်းတဲ့ ဘောလုံးသမား တယောက်ပါ။ ကွင်းထဲမှာရော သတင်းတင်ဆက်တဲ့နေရာမှာပါ သူနဲ့တွဲပြီး အလုပ်လုပ်ရတာ ပျော်ပါတယ်။ ငြိမ်းချမ်းစွာအနားယူပါ ထရီဗာ” လို့ ပြောပါတယ်။

ဖရန်စစ်ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်ထဲက နှလုံးရောဂါ စတင်ခံစားနေခဲ့ရတာကြောင့် ဝှီးချဲ လက်တွန်းလှည်းနဲ့သာ နေထိုင်နေရတာဖြစ်ပြီး ဒီရောဂါနဲ့ပဲ အသက် ၆၉ နှစ်မှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ မိသားစုဝင်တွေက ထုတ်ပြန်ပါတယ်။

ထရီဗာဖရန်စစ်ဟာ ဘောလုံးသမားဘဝ အနားယူပြီးနောက် BT Sport နဲ့ Sky Sport တို့မှာ အားကစားသတင်း အစီအစဥ် တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ထရီဗာဖရန်စစ်ဟာ နော်တင်ဟမ်ဖောရက်စ် အပါအဝင် ကလပ်အသင်းပေါင်း ၁၀ သင်းမှာ ပွဲပေါင်း ၆၂၆ ပွဲ ပါဝင်ကစားပြီး သွင်းဂိုး ၂၃၁ ဂိုး သွင်းယူကာ ချန်ပီယံလိဂ် ၂ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ အီတလီစီး​ရီးအေ ၁ ကြိမ်၊ ကာလင်းဖလား ၁ ကြိမ်နဲ့ စကော့တလန်လိဂ်ဖလား ၁ ကြိမ်တို့ ဆွတ်ခူးခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းတွက် ဖရန်စစ်ဟာ ၅၂ ပွဲကစားပြီး ၁၂ ဂိုးသွင်းယူခဲ့ကာ ၁၉၈၂ ကမ္ဘာ့ဖလားနဲ့ ၁၉၈၆ ကမ္ဘာ့ဖလားတို့မှာလည်း ပါဝင်ကစားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013