
ဆယ်စုနှစ် လေးစုအတွင်း အမေရိကန်ရဲ့ ပထမဆုံး ပဲ့ထိန်းဒုံးကျည် လက်နက်တပ်ဆင်ထားတဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံတွင်း ဆိပ်ကမ်းဆောက်လုပ် အပြီး ရက်ပိုင်းအကြာ ဇူလိုင် ၂၄ ရက်မှာ တောင်ကိုရီးယားနိုင်ငံဆီ ရောက်ရှိလာခဲ့ပါပြီ။
အမေရိကန်နဲ့ တောင်ကိုရီးယား မဟာမိတ်နှစ်နိုင်ငံဟာ မြောက်ကိုရီးယားကို ဟန့်တားဖို့ အမေရိကန်ရဲ့ ဗျူဟာမြောက် ပိုင်ဆိုင်မှုတွေ မြှင့်တင်ရေး ကြိုးပမ်းနေတာပါ။
USS အန်နာပိုလစ်ဟာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဂျဲဂျု ကျွန်းမှာရှိတဲ့ ရေတပ်စခန်း တခုဆီ ဝင်ရောက်ခဲ့ပြီး သတ်မှတ်ထားသော စစ်ဆင်ရေးတခုဆောင်ရွက်နေချိန်မှာ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ သယ်ဖို့ ရောက်လာတာလို့ တောင်ကိုရီးယား ရေတပ်က သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘော USS ကန်တပ်ကီဟာ ဇူလိုင် ၁၈ ရက် က တောင်ကိုရီးယားနိုင်ငံမှာ ဆိုက်ကပ်ခဲ့ပါသေးတယ်။
ဒါဟာ ၁၉၈၀ ပြည့်နှစ်တွေ နောက်ပိုင်း အမေရိကန်ရဲ့ နျူကလီးယားလက်နက်တိုက် စာရင်းဝင် ပဲ့ထိန်း ဒုံးကျည်သုံး ရေငုပ်သင်္ဘော (SSBN) ရဲ့ ပထမဆုံးလာရောက် လည်ပတ်မှုဖြစ်ပြီး မြောက်ကိုရီးယား နဲ့ နျူကလီးယား စစ်ပွဲဖြစ်ပွားမှုမှာ တုံ့ပြန်ညှိနှိုင်းဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား ညှိနှိုင်းဆွေးနွေနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
မြောက်ကိုရီးယားဟာ USS ကန်တပ်ကီရဲ့ ခရီးစဉ်အပြီး နာရီပိုင်းအကြာ ဇူလိုင် ၁၉ မှာ ပဲ့ထိန်း ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပြီး ဇူလိုင် ၂၂ ရက်မှာ ခရုဇ်ဒုံးကျည်အများအပြား ထပ်မံပစ်ခတ်ခဲ့ပါတယ်။
Source-Reuters










