DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားပေါ်တွင် အမျိုးသမီးအချို့ လိင်အမြတ်ထုတ်ခံနေရ
DVB
·
July 25, 2023
YBS ဘတ်စ်ကားပေါ်တွင် အမျိုးသမီးအချို့ လိင်အမြတ်ထုတ်ခံနေရ
Donate to DVB

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေပေါ်မှာ အမျိုးသမီးငယ်တွေကို  ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ အရင်ကထက်ပိုပြီး ပြုလုပ်လာတာကြောင့် စိတ်မလုံခြုံမှုတွေနဲ့  စိုးရိမ်မှုတွေ ကြုံနေရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ဇူလိုင် ၂၀ ရက်က လှိုင်သာယာဘက်ကို ပြေးဆွဲနေတဲ့ YBS ၇၉ ပေါ်မှာ မနက် ရုံးသွားချိန်အတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတယ်လို့  ခရီးသည်အမျိုးသမီး တဦးက ပြောပါတယ်။ 

“YBS ၇၉ ကားပေါ်မှာ အသက် ၄၀ ဝန်းကျင် ယောကျ်ားတယောက် က မနက်စောစောစီး (---) ကို လာကိုင်တာ။ မိန်းကလေးတယောက်ထဲဆိုပြီး ပြန်မပြောဘဲ ငြိမ်ခံနေမယ် အထင်နဲ့ လာကိုင်တာ။ ကားပေါ်မှာ ကျမ ပြန်ပြောတော့ လူကြပ်နေတာ ထိမိတာလောက်တော့ ရှိမှာပေါ့ဆိုပြီး ကျမကို ပြန်ပြောတယ်။ ကျမလည်း မကျေနပ်လို့ ဓာတ်ပုံရိုက်တော့ သမကုန်းမှတ်တိုင်မှာ ဆင်းပြေး သွားတယ်” 

အလားတူ ဇူလိုင် ၁၆ ရက်ကလည်း မြောက်ဥက္ကလာဘက်မှာ ပြေးဆွဲနေ YBS ၁၀ (အဝါ) ယာဉ်လိုင်း ကားတစ်စီးပေါ်မှာ လိင်အမြတ်ထုတ်သူနဲ့ ကြုံတွေ့ခဲ့ရတယ်လို့     ကိုယ်တိုင်ကြုံရတဲ့ အမျိုးသမီး တဦးက ပြန်ပြောပြပါတယ်။

“မနက်ပိုင်း ကားစောင့်နေရင်း နံပတ် ၁၀ အဝါ လာလို့  နည်းနည်းချောင်တာနဲ့ စီးသွားတာ။ စထွက်တဲ့အထိ အဆင်ပြေတယ်။ နောက်ပိုင်းမှာက လူကလည်း ကျပ်တော့ အဆင်းနေ‌ရာ လောက်မှာ မတ်တပ်ရပ်စီးနေတာ၊။ ငါးမိနစ်လောက်နေတော့ အသက်ကြီးကြီးလူတွေ ကား အရှေ့ပိုင်းကနေ တိုးလာကြတာ။ လူကျပ်နေလို့ဆိုပြီး ကျမရပ်နေတဲ့ဘက်ကို လှည့်ရပ်လာတော့ သာမန်လိုပဲ ထင်တာ။ နောက်ကျမှ သူ့ (--) နဲ့ လိုက်ပွတ်နေတယ်ဆိုတာ သတိထားမိလိုက်တယ်။ ဘေးနားက ထိုင်နေတဲ့ အစ်ကိုက နေရာဖယ်ပေးလို့ အတော်လေး ကံကောင်းသွားတယ်”  

ရန်ကုန်မှာ ဘတ်စ်ကားစီးတဲ့ ခရီးသည် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ အမြတ်ထုတ်မှုတွေဟာ ခေတ်အဆက်ဆက်ရှိခဲ့တာ ဖြစ်ပြီး ကျူးလွန်သူတွေကို ထိရောက်တဲ့ အရေးယူမှုလည်း မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013