DVB Logo
Home
အားကစား
ကစားသမားသစ် ထပ်မံခေါ်ယူမည်ဟု လီဗာပူးနည်းပြကလော့ပ် အတည်ပြု
DVB
·
July 25, 2023
ကစားသမားသစ် ထပ်မံခေါ်ယူမည်ဟု လီဗာပူးနည်းပြကလော့ပ် အတည်ပြု
Donate to DVB

ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ရှိတယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အတည်ပြု သွားပါတယ်။

လီဗာပူးအသင်းဟာ ဘရိုက်တန်က မက်အလစ်စတာနဲ့ လိုက်ပ်ဇစ်က ဆောဘိုစလိုင်း တို့ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ကွင်းလယ်လူဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ကို ဆော်ဒီကလပ်တွေက ကမ်းလှမ်းထားတာကြောင့် လီဗာပူးအသင်းဘက်က ရောင်းချသွားဖို့ရှိနေတာပါ။ အဲဒီနေရာတွေမှာပြန်လည်အစားထိုးနိုင်ဖို့ ကစားသမားသစ်တွေထပ်မံလိုအပ်မှာဖြစ်ပြီး နည်းပြ ကလော့ပ်ကလည်း လူသစ်တွေထပ်ရောက်လာမှာဖြစ်ကြောင်း အတည်ပြုသွားခဲ့တာပါ။

ကလော့ပ်က“ရာသီသစ်ရဲ့ ပထမဆုံးပွဲ ကစားရဖို့ သုံးပတ်ခွဲလောက်လိုပါသေးတယ်။ အဲဒီမတိုင်ခင် အပြောင်းအလဲတွေရှိလာနိုင်ပြီး အပြောင်းအရွှေ့ဈေးကွက်အရလည်း သေချာပေါက်ရှိလာမှာပါ။ ကစားသမားသစ်တွေ ထပ်ရောက်လာမှာဖြစ်ပြီး တောင့်တင်းတဲ့လူစာရင်းဖြစ်ဖို့ လုပ်ဆောင်သွားရပါမယ်”လို့ ပြောပါတယ်။

လီဗာပူးအသင်းဟာ ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာနဲ့ ခရစ္စတယ်ပဲလေ့ကွင်းလယ်လူ ဒူကိုယေးတို့ကိုခေါ်ယူဖို့ ပစ်မှတ်ထားလုပ်ဆောင်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013