မန်ချက်စတာယူနိုက်တက် ဂိုးသမား ဆန်နီလာမန်းစ်က လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတာကြောင့် ပြိုင်ပွဲစုံယှဉ်ပြိုင်နိုင်ဖို့ အသင်းတာဝန်ရှိသူတွေအနေနဲ့ နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ကတ်စ်မဲရိုး၊ ဆက်စ်ကိုနဲ့ အူဂါတေးတို့ ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ဆန်းဒါးလန်းနဲ့ပွဲမှာ ယူနိုက်တက်ရဲ့ လူအင်အားနည်းပါးတဲ့ အားနည်းချက်က ပေါ်လွင်ခဲ့တာပါ။
လာမန်းစ်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကောင်းမွန်စွာ ရင်ဆိုင်နိုင်ဖို့ ပိုမိုတောင့်တင်းတဲ့ လူစာရင်း လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ရာသီပိတ်ပွဲစဉ်တွေကိုလည်း အကောင်းဆုံးအာရုံစိုက် ကစားသွားရမယ်လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။










