
အကြွေးတင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇွန်လနောက်ပိုင်း ပေါင် သန်း ၉၀ ထပ်မံ ချေးယူခဲ့ပြီး နွေရာသီမှာ ကစားသမားသစ်တွေအတွက် ပေါင် ၁၉၁ ဒသမ ၇ သန်း သုံးစွဲခဲ့ပါတယ်။
အစုရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်က ကုန်ကျစရိတ်တွေ လျှော့ချနေပေမဲ့ အသင်းရဲ့ စုစုပေါင်း ကြွေးမြီဟာ ပေါင် ၁ ဒသမ ၁၅ ဘီလီယံအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ ကစားသမား ပြောင်းရွှေ့ကြေး ပေးချေဖို့ ကျန်ရှိနေတဲ့ ပေါင် ၃၇၅ သန်းလည်း ပါဝင်ပါတယ်။
မန်ယူဟာ ဒီနွေရာသီမှာ ချဲလ်ဆီးက အန်ဒရီးဆန်းတို့စ်၊ ဗီလာက တီလီမန်းစ်၊ ဘရိုက်တန်က ဘာလီဘာတို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီကစားသမား ၃ ဦးအတွက် သတင်းထုတ်ပြန်ထားတဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်းက ပေါင် ၁၅၃ သန်းသာ ရှိတာကြောင့် ကျန်တဲ့ ပမာဏကို ဘယ်မှာ သုံးစွဲခဲ့လဲဆိုတာ မရေရာသေးပါဘူး။
ဒီကိစ္စပေါ် မှတ်ချက်ပေးဖို့ မေးမြန်းမှုကိုတော့ မန်ယူအသင်းဘက်က တုံ့ပြန်ခြင်း မရှိသေးပါဘူး။
Photo:Reuters










