
မန်ယူနည်းပြ မိုက်ကယ်ကာရစ်က အသင်းမှာ ဆာအဲလက်စ်ဖာဂူဆန်လိုမျိုး ရလဒ်ကောင်းအောင် ပြန်လည်တည်ဆောက်ဖို့ အချိန်အများကြီး ရမှာမဟုတ်ဘူးဆိုတာ လက်ခံထားတယ်လို့ ပြောလိုက် ပါတယ်။
မန်ယူအသင်းဟာ အခု သီတင်းပတ်မှာ ဖာဂူဆန် စတင်တာဝန်ယူခဲ့တဲ့ အချိန်ကနေ စတွက်မယ် ဆိုရင် နှစ် ၄၀ ပြည့် မြောက်ခဲ့ပြီး လက်ရှိအချိန်မှာ ကာရစ်ရဲ့ အသင်းကလည်း ရလဒ်ပိုင်း ယိုင်လဲ နေတာပါ။
မန်ယူရဲ့ ပစ်မှတ်အဖြစ် သတင်းထွက်နေတဲ့ အက်စတွန်ဗီလာ နည်းပြ အူနိုင်းအီမရီကလည်း ဗီလာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေကြောင်း အတည်ပြုသွားခဲ့ပါတယ်။
အီမရီရဲ့ ဆုံးဖြတ်ချက်ကြောင့် နည်းပြရှာနေတယ်လို သတင်းထွက်နေတဲ့ မန်ယူအနေနဲ့ နည်းပြသစ် ရရှိဖို့ မျှော်လင့်ချက်လည်း နည်းပါးသွားပါတယ်။
Photo:Reuters











