DVB Logo
Home
မြန်မာသတင်း
စစ်တပ် သတ်ဖြတ်မှုကြောင့် ကချင်တွင် ၁၃၆ ဦး သေဆုံး၊ နိုင်ငံတဝန်း ကျဆုံးသူ ၃၈၄၀ ထိ မြင့်တက်
DVB
·
July 24, 2023
စစ်တပ် သတ်ဖြတ်မှုကြောင့် ကချင်တွင် ၁၃၆ ဦး သေဆုံး၊ နိုင်ငံတဝန်း ကျဆုံးသူ ၃၈၄၀ ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၈၄၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၉၉၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၆၀၃ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၉၂၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၂၂ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၈၇ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုတွေအရ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားနေထိုင်ရာ အရပ်ဒေသတွေကို ပစ်မှတ်ထားက လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး ဒေသခံပြည်သူတွေ ဘေး လွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်မနက်ပိုင်းကလည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာအနီးမှာ အကြမ်း ဖက်စစ်အုပ်စုတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုက မဆာတွီကျေး ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ၁,၀၀၀ လောက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၇ ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာကို အင်အား ၃၀၀ ကျော် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုးခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၈၀ ကျော် မီးလောင်ပြာကျခဲ့ပြီး မူးမန္တလေးကျေးရွာ၊ မန်ကျီးကိုးပင်ကျေးရွာ၊ မွှေးလှ ကျေးရွာ၊ ထိန်ကန်ကျေးရွာ၊ ရွှေကျောင်းကန်ကျေးရွာ၊ အင်းမကျေးရွာ၊ မကျီးတောကျေးရွာ၊ ညောင်မြစ်ကျေးရွာ၊ မကျီးကန်ကျေးရွာနဲ့ နဘဲကြူကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံထောင်ချီ ညတွင်းချင်း ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရတယ်လို့ အေအေပီပီက ပြောပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီကနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် ကချင်ပြည်နယ်မှာ ၁၃၆ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၇၅၈ ယောက် ဖမ်းဆီးခံခဲ့ရပြီး အယောက် ၅၅၀ ကတော့ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ အဲဒီထဲမှာ မတရား ပုဒ်မတွေနဲ့ ထောင်ဒဏ် ချမှတ်ခံထားရသူ ၇၈ ယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေ ပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေ ဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013