DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်နှင့် ဖားဆောင်းတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်ဖြစ်
DVB
·
July 24, 2023
လွိုင်ကော်နှင့် ဖားဆောင်းတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်ဖြစ်
1 / 3
Donate to DVB

ကရင်နီ(ကယား) ပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တွေမှာ စစ်ကောင်စီဘက်က နယ်မြေတွေ ပြန်လည်စိုးမိုးနိုင်ရေး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တဲ့အတွက် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဇူလိုင် ၂၀ ရက်နေ့က စပြီး လွိုင်ကော်မြို့နယ် ပီကင်းကောခူကနေ ဆောင်းကန်း(ရှမ်း)ရွာ၊ ကုန်းသာဘက်ကို စစ်ကောင်စီ အင်အား ၃၀၀ လောက်နဲ့ စစ်ကျောင်းထိုးခဲ့လို ဆောင်ကုန်းမှာ ရှိတော့ တော်လှန်ရေးအင်အားစုနဲ့  ထိတွေ့တိုက်ခိုက်မှုတွေ ရှိတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဆောင်ကန်းမှာ တော်လှန်ရေးအင်အားစုက ဖြတ်တိုက်ပြီးတော့ အခုထိ ထိတွေ့မှုတွေ ရှိနေပါတယ်။ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်း သုံးကြောင်း ဖြန့်ထိုးလာခဲ့တာ။ အခုတော့ ဆောင်ကန်းရှမ်းရွာနဲ့ ဆီမီးလော့ထိ ရောက်သွားခဲ့ပြီ။” 

ဆောင်ကန်း(ရှမ်း) ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက အဲဒီကျေးရွာမှာ ဝင်ရောက်တပ်ချခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို  မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

အလားတူ ဇူလိုင် ၂၂ ရက်နေ့က လွိုင်ကော်မြို့အထွက်က နွားလဝိုးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီးကြောင့် နေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲကြောင့် နွားလဝိုးရွာတွင်း နေထိုင်သူတွေ မနေရတော့ဘဲ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း ဆိုပါတယ်။

ကရင်နီ (ကယား)ပြည်နယ် ဖားဆောင်းမြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျောက်ပန်းညိုကျေးရွာ၊  ဝမ်အောင်း (ရှမ်း) ရွာ အနီးမှာလည်း အခု ရက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ပြည်သူရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၁ ရက်နေ့က ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဘက်ကမ်းရှိ ကျောက်ပန်းညိနဲ့ ဝမ်အောင်း(ရှမ်း)ရွာတွေကို စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်တဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ကျောက်ပန်းညိုးနဲ့ ဝမ်အောင်းကျေးရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာကနေအိမ်အားလုံးနီးပါး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဖားဆောင်းမြို့ သံလွင်တံတားအရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကျေးရွာ ၃ ရွာခန့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသလို တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။

ကရင်နီ၊ ကရင်နယ်စပ် ကရင်ပြည်နယ် ယာဒိုကျေးရွာမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မနေ့ ဇူလိုင် ၂၃ ရက်နေ့မှာ စစ်ကေင်စီဘက်က ပေါင်း ၅၀၀ ရှိ ဗုံး ၄ လုံးနဲ့ လေကြောင်းကနေ ကြဲခဲ့တာကြောင့် ကတ်သလစ်သီလရှင်ကျောင်းပါအဝင် ဒေသခံနေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013