DVB Logo
Home
Lead Story
ချစ်ပ်နည်းပညာခိုးယူမှုဖြင့် ဂျပန်ကုမ္ပဏီကို ထိုင်ဝမ်တရားရုံးက ဒဏ်ငွေဒေါ်လာ ၅ သန်းနီးပါးချမှတ်
DVB
·
April 28, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဂျပန်ရဲ့ Tokyo Electron ကုမ္ပဏီလက်အောက်ခံ ဒေသခံရုံးခွဲကို ထိုင်ဝမ်တရားရုံးတခုက ဧပြီ ၂၇ ရက်မှာ ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ သန်း ၁၅၀ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၈ သန်း) ချမှတ်ခဲ့ပါတယ်။

တရားခံတွေကို TSMC ရဲ့ အရေးပါတဲ့ ချစ်ပ်နည်းပညာ ခိုးယူမှုနဲ့ စွပ်စွဲထားတဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်များအမှုအတွက် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့ပါတယ်။

အစိုးရရှေ့နေတွေက Tokyo Electron ရဲ့ ထိုင်ဝမ်ရုံးခွဲကို နိုင်ငံတော်လုံခြုံရေး အက်ဥပဒေအရ တရားစွဲဆိုပြီးတဲ့နောက် အခုဆုံးဖြတ်ချက်ဟာ ထိုင်ဝမ်ရဲ့ နိုင်ငံအဆင့် အဓိကနည်းပညာတွေကို ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ဆက်စပ်နေတဲ့ အထင်ရှားဆုံးအမှုတွေထဲကတခု ဖြစ်လာပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ်လမှာ အစိုးရရှေ့နေတွေက TSMC နဲ့ Tokyo Electron ဝန်ထမ်းဟောင်း ချန်လီမင်ကို Tokyo Electron အနေနဲ့ TSMC ကနေ စက်ပစ္စည်း အမှာစာတွေ ပိုရရေး ကူညီဖို့ တခြားတရားခံတွေနဲ့အတူ ကုန်သွယ်ရေး လျှို့ဝှက်ချက်တွေကို တရားမဝင်ရယူမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ချန်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး အဆင့်မြင့် AI ချစ်ပ်တွေကို ကန်ထရိုက်နဲ့ ထုတ်လုပ်သူ ကုမ္ပဏီရဲ့ တခြားဝန်ထမ်းဟောင်း ၃ ယောက်ကတော့ ထောင်ဒဏ် ၂ နှစ်ကနေ ၆ နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။

ထိုင်ပေမြို့တော်ရဲ့ ညီအစ်မမြို့ဖြစ်တဲ့ နယူးထိုင်ပေမြို့ တရားရုံးက Tokyo Electron ဝန်ထမ်းဟောင်းတယောက်ကို ထောင်ဒဏ် ၁၀ လ ချမှတ်ခဲ့ပြီး ၃ နှစ် ဆိုင်းငံ့ထားပါတယ်။

Tokyo Electron နဲ့ TSMC နှစ်ခုစလုံးက မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း မတုံ့ပြန်ပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013