DVB Logo
Home
အားကစား
အမ်ဘာပေကို ယူရိုသန်း ၂၀၀ ဖြင့်ခေါ်ယူရန် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း ကမ်းလှမ်း
DVB
·
July 24, 2023
အမ်ဘာပေကို ယူရိုသန်း ၂၀၀ ဖြင့်ခေါ်ယူရန် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း ကမ်းလှမ်း
Donate to DVB

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကိုခေါ် ယူဖို့ ယူရိုသန်း ၂၀၀နဲ့ ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ အဆင်မပြေဖြစ်နေပြီး ဂျပန်နဲ့ တောင်ကိုရီးယားခြေစမ်းခရီးစဉ်မှာ လိုက်ပါခွင့်မရခဲ့ပါဘူး။

အယ်လ်ဟီလာ အသင်းဟာ ဆော်ဒီပြည်သူ့ရင်းနှီးမြှပ်နှံမှုအဖွဲ့က ထိန်းချုပ်ထားတဲ့ အသင်းလေးသင်းထဲက တစ်သင်းဖြစ်ပြီး ငွေကြေးမက်လုံးတွေနဲ့ အမ်ဘာပေကိုခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။

အယ်လ်ဟီလာအသင်းရဲ့ ကမ်းလှမ်းချက်ထဲမှာ အမ်ဘာပေကို ၂ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လာမယ့်ရာသီမှာ ရီးယဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့နိုင်တဲ့ သဘောတူညီချက်လည်း ပါဝင်တယ်လို့သိရပါတယ်။

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်ခ်ခယ်လိုင်ဖီကတော့ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အမ်ဘာပေကို အလွတ်ထွက်ခွါခွင့်ပြုမှာမဟုတ်ကြောင်း တရားဝင်ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013