DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဆိုင်ကယ်၊ ဘေးတွဲနှင့် ဘတ္ထရီဘီးများကို ရပ်ကွက်ထဲအထိ ဝင်ဖမ်း
DVB
·
July 23, 2023
ရန်ကုန်တွင် ဆိုင်ကယ်၊ ဘေးတွဲနှင့် ဘတ္ထရီဘီးများကို ရပ်ကွက်ထဲအထိ ဝင်ဖမ်း
Donate to DVB

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ရဲ အင်အားအများအပြားနဲ့ ဆိုင်ကယ်၊ ဘေးတွဲနဲ့ ဘတ္ထရီဘီးတွေကို ရပ်ကွက်လမ်းတွေထဲအထိ ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်အတွင်း အသုံးပြုနေတဲ့ ဘီးတွေအပြင် အိမ်ရှေ့နဲ့အိမ်အတွင်း ရပ်ထားတဲ့ ဘီးတွေကိုပါ ဖမ်းဆီးသိမ်းသွားတာလို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း နေထိုင်သူတဦးက "ရပ်ကွက်ထဲက ဆိုင်ကယ်တွေ၊ ဘေးတွဲတွေ၊ ဘတ္ထရီဘီးတွေ တော်တော်ပါသွားတယ်။ ကားသုံးစီးနဲ့ကို လမ်းသွယ်တွေထဲအထိပတ်ပြီး တွေ့တာ နဲ့ ကားပေါ်ဆွဲတင်သွားတာ" လို့ ပြောပါတယ်။

ဒီနေ့မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်စံပြစျေးအတွင်းနဲ့ပတ်လည်က ဘီးစီးရေ ၅၀ လောက် ဖမ်းဆီးခံလိုက်ရသလို တနေကုန် ရပ်ကွက်လမ်းတွေထဲ ဝင်ဖမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုယ်တိုင် ဆိုင်ကယ်ဖမ်းခံရသူတဦးက "စီမံချက်နဲ့ဖမ်းတာမို့လို့ ပြန်ရွေးလို့မရဘူး။ အပြီးသိမ်းတာလို့ပြောသွားတယ်။ တန်ဖိုးကြီးဘီးပိုင်ရှင်တွေကတော့ ဘယ်လိုပြန်ရွေးလို့ရမလဲဆိုတာ လိုက်စုံစမ်းနေတယ်" လို့ ပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာလည်း အလားတူ ဖမ်းဆီးမူတွေရှိနေတာကြောင့် ဆိုင်ကယ်တွေ မထွက်ရဲကြဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"မနေ့က အပြင်ထွက်တော့ ဖမ်းနေတာနဲ့ကြုံလို့ မနည်းပြန်ပြေးလာရတယ်။ အရင်လို လမ်းမကြီးပေါ်စောင့်ဖမ်းတာမဟုတ်ဘူး။ ကားတွေနဲ့ပတ်ပြီးတော့ကို ဖမ်းနေတာ။" 

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီကင်းစခန်းတွေ၊ ဒလန်တွေကို ဆိုင်ကယ်၊ ဘတ္ထရီဘီးတွေနဲ့ မြို့ပြတော်လှန်ရေးအုပ်စုတွေက တိုက်ခိုက်မူတွေရှိခဲ့ပြီးနောက် အဲဒီဘီးတွေကို အငြှိုးထားဖမ်းဆီးတာတွေ ရှိခဲ့ပေမယ့် အခုလိုရပ်ကွက်လမ်းတွေထဲအထိ ဝင်ရောက်ဖမ်းဆီးတာ၊ အိမ်တွေထဲအထိ ဝင်ဖမ်းတာတွေ အရင်ကမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အရင်က ဖမ်းဆီးတာတွေလုပ်ပြီးရင် ညသက်ဆိုင်ရာရဲစခန်းမှာ သတ်မှတ်စျေးပေးပြီး ပြန်ရွေးလို့ရပေမယ့် အခု ပြန်ရွေးတာလက်မခံဘဲ အပြီးသိမ်းဆည်းနေတာလို့ သိရပါတယ်။

ရန်ကုန်မြို့မှာ သွားလာရေးအတွက် ဆိုင်ကယ်နဲ့ဘတ္ထရီဘီးတွေကို အားထားနေကြရာ အခုလို ဖမ်းဆီးလာတာကြောင့် သွားလာရေး အခက်အခဲ ကြုံလာကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013