DVB Logo
Home
မြန်မာသတင်း
ထောင် ၂ နှစ်ကျနေသူ ကလေးမြို့ကအမျိုးသမီး နောက်ထပ် ၅ နှစ် ချမှတ်ခံရ
DVB
·
July 23, 2023
ထောင် ၂ နှစ်ကျနေသူ ကလေးမြို့ကအမျိုးသမီး နောက်ထပ် ၅ နှစ် ချမှတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့က ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ မဆုလတ်တင်ကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်တရားရုံးက အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇူလိုင် ၂၁ ရက်က ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး မဆုလတ်တင်ဟာ PDFတွေနဲ့ ဆက်သွယ်‌ပြောဆိုပြီး PDF သင်တန်း‌တွေ တက်ရောက်ခဲ့တာကြောင့် ထောင်ဒဏ်ထပ်မံ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

"အခုက ဒုတိယအမှုပေါ့။ ပထမအမှုက ၅၀၅(က)နဲ့ ၂ နှစ်ချခံရတယ်။ နောက်တော့ ထပ် တရားစွဲတယ်။ သူက စက်ချုပ်သင်တန်းတက်နေတဲ့ သင်တန်းသူ တယောက်ပါ။ PDF သင်တန်းတက်ရောက်ခဲ့တာမျိုးတော့ မရှိဘူး" လို့ မိသားစုနဲ့နီးစပ်တဲ့သူတယောက်က ဒီဗွီဘီကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မဆုလတ်တင်ကို CDM လှုံ့ဆော်မှုမှာပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ထောင်ဒဏ် ၂ ချမှတ်ထားတာပါ။

မဆုလတ်တင်ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်က ကလေးမြို့၊ မြို့သာရပ်ကွက်မှာ စစ်ကောင်စီက လမ်းသွားလမ်းလာတွေကို ရှောင်တခင်စစ်ဆေးနေတုန်း လူမှုကွန်ရက်ပေါ် အများပြည်သူ ထိတ်လန့်ကြောက်ရွံ့စေဖို့ မဟုတ်မမှန် သတင်းရေးသားတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်‌နှောင်ခံရသူ  အယောက် ၂၃၉၈၀ ရှိပြီး ဒီထဲမှာ ထောင်ဒဏ်ချမှတ်ခံထားရသူ   ၆၉၂၄ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013