DVB Logo
Home
မြန်မာသတင်း
တရားမဝင်အလှပြင်ဆေးခန်းဖွင့်မှုဖြင့် ဘန်ကောက်တွင် မြန်မာဆရာဝန်ဖမ်းခံရ
DVB
·
July 23, 2023
တရားမဝင်အလှပြင်ဆေးခန်းဖွင့်မှုဖြင့် ဘန်ကောက်တွင် မြန်မာဆရာဝန်ဖမ်းခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ Ccoco Beauty Clinic အလှပြင်ဆေးခန်းကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေပြီး မြန်မာဆရာဝန်တယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စားသုံးသူအကာအကွယ်ပေးရေး(CIB)ကို ကိုးကားပြီး Khasoad English မှာ ဖော်ပြထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ ဇူလိုင် ၂၁ ရက်နေ့မှာ  အလှပြင်ဆေးခန်းကို ဝင်ရောက်စီးနင်း ရှာဖွေစစ်ဆေးပြီးနောက် ဆေးခန်းဟာ တရားမဝင်ဖွင့်လှစ်ထားတဲ့အပြင် ဆေးခန်းမှာ အလှပြင်ဆရာဝန်အဖြစ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသူ အယ်မွန်ဟာလည်း တရားဝင် အသက်မွေးဝမ်းကျောင်း ဆရာဝန်လိုင်စင်လည်းမရှိဘူးလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ အချက်အလက်မတွေအရ သိရပါတယ်။

အလှပြင်ဆေးခန်းမှာ အထွေထွေမန်နေဂျာအဖြစ်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံသူ အယ်မွန်ဟာ မြန်မာနိုင်ငံမှာ ဆရာဝန်ဘွဲ့ရထားသူတယောက်ဖြစ်ပြီး လာရောက် အလှပြင်သူတွေကို ရောဂါ​ရှာဖွေစစ်ဆေးတာ၊ အသားအရေအတွက် ဗီတာမင် ထိုးဆေးတွေ ထိုးသွင်းတာ တိုကို တာဝန်ယူပြီး ဖောက်သည်တယောက်ကို ဘတ်ငွေ ၂၀၀၀ လောက် ရရှိတယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့က အလှပြင်ဆေးခန်းကနေ မှတ်ပုံမတင်ထားတဲ့ ဆေးဝါး ၂၃ ခု၊ ဆေးပစ္စည်း ၁၂ မျိုးနဲ့ အလှကုန် ၁၆ မျိုးအပါအဝင် တခြားပစ္စည်း ၅၁ မျိုးကို ရှာဖွေသိမ်းဆည်းခဲ့ပြီး စုစုပေါင်း​တန်ကြေး ထိုင်းဘတ်ငွေ ၅ သိန်းကျော်ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသူအယ်မွန်ဟာ ဆေးခန်းမှာအလုပ်လုပ်နေတာ တလကျော်ပဲရှိသေးပြီး တရားမဝင် ဝင်ရောက်လုပ်ကိုင်မှု၊ လိုင်စင်မရှိဘဲ ဆေးကုသမှုတို့နဲ့ ရဲတပ်ဖွဲ့က တရားစွဲခဲ့ပါတယ်။

Ccoco Beauty Clinic ကုမ္ပဏီရဲ့ဒါရိုက်တာ တရုတ်နိုင်ငံသားကိုလည်း သက်သေတွေစုပြီး တရားစွဲဆိုသွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံသားတွေကို မကုသဘဲ နိုင်ငံခြားသားတွေကိုပဲ သီးသန့်ကုသတဲ့ အဲဒီ အလှပြင်ဆေးခန်းဟာ ထိုင်းနိုင်ငံမှာ Ccoco Beauty Clinic အမည်နဲ့ ဖွင့်လှစ်တာ ၉ လလောက်ရှိပြီဖြစ်ပြီး တရုတ်၊ ဂျပန်၊ ယူနိုက်ကင်းဒမ်းနဲ့ သြစတြေးလျအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ရုံးခွဲတွေဖွင့်လှစ်ထားပါတယ်။

Source. Khasoad English

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013