DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းနှင့် မြိုင်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
July 23, 2023
ဟုမ္မလင်းနှင့် မြိုင်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၁ ယောက်သေဆုံး၊ ၃ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ် နောင်ပူအောင်အုပ်စု၊ အောင်ပင်ရွာနဲ့ လွှစင်ကုန်းကျေးရွာတို့မှာ တပ်စွဲနေထိုင်တဲ့ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံတပ်ဖွဲ့တွေကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး PDF မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်း အချိန်မှာ လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။

"မနက်အစောကြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေကြတာ။ ကလေး‌တွေနဲ့ မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေတော့ ပြေးကုန်ကြပြီ။ အိမ်စောင့်နေထားတဲ့ သူလောက်ပဲ ကျန်တော့တယ်။ ရွာခံလူဦးရေတော့မသိဘူး။ ခန့်မှန်းခြေ ၅၀၀၊ ၁၀၀၀ လောက်တော့ ရှိမယ်၊ အခုထိ တဖက်နဲ့ တဖက် အင်အားဖြည့်ပြီး စစ်ရေးတင်းမာနေကြတယ်" လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့‌ ဒေသခံအမျိုးသမီးတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဟုမ္မလင်း၊ နောင်ပူအောင်၊ နမ့်တောလမ်းပိုင်းတချို့ကိုလည်း စစ်တပ်ဘက်က ပိတ်ထားတယ်လို့သိရပြီး  နှစ်ဖက်စစ်ရေးတင်းမာနေလို့ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ တိတိကျကျမသိရသေးပါဘူး။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်ထဲမှာလည်း SNA နဲ့ KIA-PDF ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်နေပြီး လမ်းပိုင်းတချို့ကို စစ်တပ်ဘက်က တားဆီး ပိတ်ဆို့ထားတယ်လို့ ဗန်းမောက်မြို့ ဒေသခံတွေက ပြောပါတယ် ။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံး၊ ၃ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖဆီကနေ သိရပါတယ်။

မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ ပျူစောထီးစခန်းကို ရိက္ခာလာပို့တဲ့စစ်ကြောင်းကို ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်မှာ တွင်းမရွာ ပျူစောထီးစခန်းကို ပြန်တဲ့ အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တွင်းမရွာကိုအပြန်မှာ ကန်ကလေးကျေးရွာထဲကို ဝင်ရောက်ပြီး ပြည်သူတွေပိုင်တဲ့ ပစ္စည်းတွေကို ခိုးယူဖျက်ဆီးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၄၀ မမ ကျည်ဖူးတခု သိမ်းဆည်းရရှိခဲ့ပြီး

မြိုင်ပကဖ တပ်ရင်း ၁  တပ်ခွဲ ၁ နဲ့ ၂၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ ကမ္မ ကာကွယ်ရေးတပ်ဖွဲ့-KMDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013