DVB Logo
Home
မြန်မာသတင်း
လောင်းလုံးနှင့် နမ္မတီးတွင် စစ်ကောင်စီလက်အောက်ဝန်ထမ်းများ ဖမ်းခံရ
DVB
·
July 23, 2023
လောင်းလုံးနှင့် နမ္မတီးတွင် စစ်ကောင်စီလက်အောက်ဝန်ထမ်းများ ဖမ်းခံရ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ကချင်ပြည်နယ်၊  နမ္မတီးမြို့မှာ စစ်ကောင်စီလက်အောက်လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်နဲ့ဝန်ထမ်းတွေ၊ စည်ပင်ဝန်ထမ်းတို့ကို ဒေသခံလက်နက်ကိုင်တပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထားဝယ်-မောင်းမကန်လမ်းပေါ်၊ တောရှည်ရွာမှာရှိတဲ့ ထားဝယ် စိုက်ပျိုးရေးသိပ္ပံရဲ့ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမ ၅ ယောက်ကို ဇူလိုင် ၂၀ ရက်မှာ အမည်မသိ လက်နက်ကိုင်လူတစုက ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကျောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

"မွန်းတည့်ပိုင်းလောက်မှာ လာဖမ်းသွားပြီး ညနေပိုင်းလောက်ပြန်လွတ်လာတယ်။ ကျောင်းဆက်မဖွင့်ဖို့ သတိပေးတယ်လို့ ကြားရတယ်" လို့ တောရှည်ရွာ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ PDF အဖွဲ့တွေက အခုလို ဖမ်းဆီး သတိပေးတာပြုလုပ်ခဲ့တယ်လို့ ဖော်ပြနေပေမဲ့ လောင်းလုံးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းအထိ တစုံတရာ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

အဲဒီအကြောင်းကိစ္စနဲ့ပတ်သက်ပြီး လောင်းလုံး ပကဖကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်တယ်လို့ ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းမှာ ပြန်ကြားရေးတာဝန်ခံ ကိုအုန်းအုန်းက​ ပြန်ဖြေကြားပါတယ်။

စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ ဆက်သွယ်နိုင်တဲ့လမ်းပိုင်းက စခန်းကြီးကျေးရွာနဲ့ အနီးအနား ကျေးရွာတွေဖြစ်တဲ့ နခံတောရွာ နဲ ခမောင်းတောင်ရွာဘက်မှာ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပြီး လောင်းလုံးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနက ဒုဦးစီးမှူး ဦးသိန်းဦးကို ဇူလိုင် ၂၁ ရက်ညပိုင်းက သေနတ်နဲ့ပစ်ခတ်ရှင်းခဲ့တယ်လို့လည်း ဇူလိုင် ၂၂ မနက်ပိုင်းမှာ လောင်းလုံး ပကဖက သတင်း ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်၊ နမ္မတီးမြို့မှာ ဇူလိုင် ၂၂ ရက်နေ့က စည်ပင်ဝန်ထမ်း ဒေါ်နန်းနန်းခိုင်ကို မြို့သာယာ ရပ်ကွက်မှာရှိတဲ့ သူ့ရဲ့အိမ်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"မနက် ၁၀ နာရီလေါက် လာဖမ်းသွားတာ။ သေနတ်တွေလည်းပါတယ်။ အားလုံးပေါင်း လူ ၅ ယောက်လောက်ရှိတယ်။ စစ်ကောင်စီအတွက် စည်ပင်ခွန် လိုက်ကောက်ပေးနေလို့ ဖမ်းခံရတာလားတော့ မသိဘူး။ ဘယ်ကို ဖမ်းသွားလဲတော့ မသိရဘူး။ ခုချိန်ထိလည်း မိသားစုနဲ့ အဆက်အသွယ် မရသေးဘူး" လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့  ဇူလိုင် ၂၀ ရက်နေ့ကလည်း နမ္မတီးမြို့အဝင်မှာ မော်တော်ယာဉ်တွေဆီကနေ  စစ်ကောင်စီတပ်ဖွဲ့အတွက် ဆက်ကြေးကောက်ပေးရသူ ထမင်းဆိုင်ပိုင်ရှင်တယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာ ရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013