DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ဦးထက်မနည်းသေဆုံး
DVB
·
July 23, 2023
ကန်ပက်လက်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၆ ဦးထက်မနည်းသေဆုံး
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက်ထက်မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၆ ဆီကနေ သိရပါတယ်။

ကန်ပက်လက်မြို့နယ်၊ မှန်တောင်လမ်းခွဲကို စစ်ကြောင်းထိုးလာတဲ့ ခလရ ၃၀၄ နဲ့ တပ်မ ၈၈ ပူပေါင်းအင်အား ၁၀၀ ကျော်လောက်ပါတဲ့စစ်ကြောင်းကို ဇူလိုင် ၂၁ ရက်၊ နေ့လယ်ပိုင်းလောက်မှာ CDF-ခေါနု တပ်အပါဝင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာလို့ မင်းဘူးခရိုင်တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မိုးသီးက ဒီဗွီဘီကိုပြောပါတယ်။

မီတာ ၂၀၀ လောက်အတွင်း အနီးကပ်တိုက်ပွဲဖြစ်ခဲ့ပြီး  ရှေ့ပွိုင့်တက်လာတဲ့ စစ်ကောင်စီတပ်သား ၆ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်တို့ကလည်း စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများပတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ CDF-ကန်ပက်လက် ဆီကနေ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ နဲ့ ၁၆ ရက်တို့ကလည်း ချင်းပြည်နယ်၊ ကန်ပက်လက်ကိုတက်လာတဲ့ စစ်ကောင်စီတပ်မ ၇၇ အပါအဝင် အင်အား ၁၀၀ ကျော်ကို ဆောမြို့နယ်ထဲမှာ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဂန့်ဂေါခရိုင်အမှတ် ၁၃၊  ၅၊ ၃၊ ၈ နဲ့ ၉ တပ်ရင်း၊ ဆောမြို့နယ်ပကဖ၊  မင်းဘူးခရိုင်အမှတ် ၁ နဲ့ ၂ တပ်ရင်းတို့နဲ့အတူ King Fighter ဒရုန်းတပ်ဖွဲ့၊ မကွေးတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့၊  တပ်ခွဲ ၁၊ ၂ နဲ့ ၃ တို့က ခူးချောင်းနားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ရင်း မကွေးတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က ရဲဘော်တယောက်ကျဆုံးခဲ့သလို ဒရုန်းတစင်းလည်း ပျက်စီးခဲ့ရတယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013