DVB Logo
Home
မြန်မာသတင်း
သထုံမြို့နယ်တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀၀ ခန့်ထွက် ပြေးနေရ
DVB
·
July 23, 2023
သထုံမြို့နယ်တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀၀ ခန့်ထွက် ပြေးနေရ
Donate to DVB

ကေအန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ (၁)၊ သထုံမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံပြည်သူ ၃,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။

သထုံမြို့နယ်ထဲက အစူးအင်းကျေးနယ်၊ ကဇိုင်းကျေးရွာတွေထဲကို ဇူလိုင် ၂၁ ရက် မနက် ၁၀ နာရီ ကျော် လောက်မှာ စစ်ကောင်စီတပ် ကြာပန်း (အမတ-၂၀၆) တပ်ရင်းကနေ ပြည် သူလူထု နေထိုင်ရာ နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက် လက်နက်ကြီး ထိမှန်ကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အဲဒီနေ့ ည ၈ နာရီခွဲလောက်မှာလည်း လက်နက်ကြီး ၇ လုံး ထပ်မံပစ်ခတ်ခဲ့တာကြောင့် ကော့လှိုင်းကျေးနယ်၊ ကျုံမိန်ရွာထဲကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ (ခမရ-၉)လတပ်ရင်းနဲ့ (အမတ-၃၁၄)တပ်ရင်းတွေဟာ ကေအန်ယူနယ်မြေတွေထဲ မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် လတ်တလောမှာ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်ထဲက ရွှေရောင်ပြ၊ ဇီးဝန်း၊ အဝင်းကြီးကျေးရွာတွေက အရပ်သား အိမ်ထောင်စုပေါင်း ၅၀၁ စုက လူဦးရေ ၂,၈၉၂ ယောက် လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ခလောက်အင်း၊ မိချောင်းအိုင်၊ မရမ်းကုန်း၊ ဒေါင်းရွာ၊ ပန်းအောင်ကုန်းစတဲ့ ကျေးရွာတွေက ဒေသခံတချို့လည်း တိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ် ပထမ ၆ လတာအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်းအကြိမ် ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်ရင်းမှူး ၅ ယောက်၊ ဒုရင်းမှူး ၅ ယောက်တို့အပါအဝင် စုစုပေါင်း ၂၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအန်ယူ-ဗဟိုက ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲတွေအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇၆ ယောက် ကျဆုံးခဲ့ပြီးတော့ ၂၅၇ ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကေအန်ယူနယ်မြေထဲမှာတော့ တိုက်ပွဲတွေ နေ့စဉ်မပြတ် ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးထိ ရှိလာခဲ့ကာ မိုးရာသီဖြစ်တာကြောင့် နေရာထိုင်ခင်းအတွက် အမိုးအကာတွေ၊ စားနပ်ရိက္ခာ မလုံလောက်မှု  အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013