DVB Logo
Home
အားကစား
တိုက်စစ်မှူးသစ်ခေါ်ယူမည်ဟု မန်ယူနည်းပြတန်ဟတ် အတည်ပြု
DVB
·
July 23, 2023
တိုက်စစ်မှူးသစ်ခေါ်ယူမည်ဟု မန်ယူနည်းပြတန်ဟတ် အတည်ပြု
Donate to DVB

တိုက်စစ်မှူးနေရာအတွက် ကစားသမားသစ်ခေါ်ယူမယ်လို့ မန်ယူအသင်းနည်းပြတန်ဟတ်ပြော အတည်ပြု ပြောပါတယ်။ 

မန်ယူအသင်းဟာ စီရော်နယ်ဒိုနဲ့ ဗက်ဟော့စ်တို့ နောက်ပိုင်းမှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်သမျှနည်းလမ်းနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

“ အပြောင်းအရွှေ့ဈေးကွက်ဆိုတာ ဘယ်တော့မှာ ကြိုသိနိုင်တာမျိုးမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ပစ်မှတ်တွေကိုသိပြီး လုပ်ဆောင်နိုင်သလောက်ကြိုးပမ်းသွားပါမယ်။ ပြီးတော့ ပစ်မှတ်တိုက်စစ်မှူးကို ခေါ်ယူဖို့ အစွမ်းကုန်အားထည့် လုပ်ဆောင်မှာပါ။ တိုက်စစ်မှူးနေရာက တိုးတက်ဖို့လိုအပ်နေတဲ့ဧရိယာဖြစ်ပါတယ်။”

မန်ယူအသင်းဟာ အက်တလန်တာအသင်းက ဒိန်းမတ်လူငယ်တိုက်စစ်မှူး ဟော့ဂျ်လန်းကို ခေါ်ယူလိုနေပေမဲ့ ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် ခေါ်ယူဖို့ အခက်အခဲတွေ့ နေရတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013