ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေနဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက ဖြေကြားဖို့ ငြင်းဆန်သွားပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံထားရပြီး အသင်းပြောင်းရွှေ့ဖို့ နီးစပ်လာခဲ့တာပါ။
စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့ပြီး ၂၀၂၄ ခုနှစ်မှာအသင်းကနေ ထွက်ခွာမယ်လို့ အမ်ဘာပေက အတိအလင်း ပြောထားပါတယ်။
အမ်ဘာပေရဲ့ အနာဂတ်မတည်မငြိမ်ဖြစ်လာချိန်မှာ အာဆင်နယ်အသင်းနဲ့လည်း သတင်းထွက်ပေါ်လာတာကို သတင်းထောက်တစ်ဦးက နည်းပြအာတီတာကို မေးမြန်းခဲ့တာပါ။
နည်းပြအာတီတာက “ကျနော်တို့အသင်းရဲ့ အစိတ်အပိုင်းမဟုတ်တဲ့ တခြားဘယ်ကစားသမားရဲ့ အကြောင်းကိုမှ ပြော လေ့ပြောထ မရှိဖူးပါဘူး။ အပြောင်းအရွှေ့မှာ ကစားသမား ထပ်ခေါ်မလားဆိုတာ ပြောလို့တော့ မရနိုင်ပါဘူး။ လှုပ်ရှားဖို့အချိန်ကျန်ရှိနေဆဲဖြစ်ပြီး အဝင် ကစားသမားတွေရှိသလို ထွက်ခွါမယ့် ကစားသမား တွေလည်းရှိပါတယ်”လို့ ပြောပါတယ်။
အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးလက်ထက် ၂၀၁၇ ခုနှစ်က မိုနာကိုမှာကစားနေတဲ့ အမ်ဘာပေကိုခေါ်ယူဖို့ မိသားစုနဲ့ တွေ့ဆုံခဲ့ဖူးပေမဲ့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာလို့ 90 Mins သတင်းကဖော်ပြပါတယ်။