DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ပိတ်ထားသည့် ကလေး-သိုင်းငင်းလမ်း ပြန်ဖွင့်‌
DVB
·
July 21, 2023
စစ်တပ်က ပိတ်ထားသည့် ကလေး-သိုင်းငင်းလမ်း ပြန်ဖွင့်‌
Donate to DVB

စစ်ကောင်စီတပ်က ပိတ်ထားတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ်ဘက် ဆက်သွယ်ထားတဲ့ ကလေး-သိုင်းငင်းလမ်းကို ဇူလိုင် ၂၀ ရက်က ပြန်ဖွင့်လိုက်ပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ဇူလိုင် ၃ ရက်က ဇူလိုင်လအစမှာတည်းက အဲဒီလမ်းမကြီးကို စစ်ကောင်စီဘက်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့တယ်လို့ နယ်ခံတွေနဲ့ အဝေးပြေးယာဉ်မောင်းတွေက ပြောပါတယ်။

ဒေသခံတဦးက “လမ်းကတော့ မနေ့က ပြန်ဖွင့်တယ်။ ကုန်ဈေးနှုန်းက တန်းပြန်ကျမှာ မဟုတ်လောက်ဘူး။ ဆန်နဲ့ စားသောက်ကုန် အားလုံးက လေး ငါးဆလောက် တက်နေတယ်၊ ပြန်ကျမှာမဟုတ်လောက်တော့ဘူး။ နယ်ခံ ငွေကြေးပြည့်စုံတဲ့သူတွေက တခြားမြို့တွေ ပြောင်းသွားကြတာ များတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်ရင်လည်း လမ်းက ပြန်ပိတ်မှာဆိုတော့ လမ်းဖွင့်တုန်း ပြောင်းရွှေ့နေဖို့ပဲ ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ကလေး-သိုင်းငင်း ချင်းတောင်လမ်းကို ပိတ်ဆို့ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့သလို ကျန်းမာရေးအတွက် ဆေးကုသဖို့လည်း အခက်အခဲတွေ ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ကလေး-တမူး လမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ ယာဉ်မောင်းတဦးက “တိုက်ပွဲဖြစ်ရင်လည်း လမ်းပိတ်တယ်။ လမ်းပိုင်းက မကောင်းတော့လည်း သွားလာရတာ ခက်တယ်။ ဆီဈေးတွေကလည်း တက်တော့ ကုန်တင်ခတွေ ဈေးတက်တာပေါ့။ ကုန်တွေကလည်း ပျက်စီးမှုတွေရှိတယ်။ ရောက်တဲ့ပစ္စည်းကို ဈေးတင်ရောင်းကြတာပါ” လို့ ပြောပါတယ်။

ချင်းတောင်လမ်းကို ပိတ်ဆို့ချိန်ကစလို့ ကလေးမြို့နယ်အတွင်း စားသောက်ကုန်ဈေး အဆမတန် မြင့်တက်ခဲ့ပြီး ဆန်အမျိုးအစားအလိုက် တတင်းကို တသိန်းခွဲမှ နှစ်သိန်းအထိရှိပြီး ခရမ်းချဉ်သီး ၁ ပိဿာ ၄,၅၀၀၊ အာလူး ၁ ပိဿာ ၄,၀၀၀၊ ဂေါ်ဖီ ၁ ပိဿာ ၅,၀၀၀၊ ကြက်သွန်နီ ၁ ပိဿာ ၃,၅၀၀ ကျပ်အထိ အရင်ဈေးထက် ၃ ဆအထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013