DVB Logo
Home
မြန်မာသတင်း
ဒေါပုံဗကသ ဥက္ကဋ္ဌဟောင်း ကိုဉာဏ်ဝင်းထက် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခံရ
DVB
·
July 21, 2023
ဒေါပုံဗကသ ဥက္ကဋ္ဌဟောင်း ကိုဉာဏ်ဝင်းထက် ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ဒေါပုံမြိုနယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲချုပ်) ရဲ့ ဥက္ကဋ္ဌဟောင်း ကိုဉာဏ်ဝင်းထက်ကို ရန်ကုန်၊ အရှေ့ပိုင်းခရိုင် တရားရုံးက ဇူလိုင် ၂၀ ရက်နေ့မှာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃)နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်တယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲချုပ်က ထုတ်ပြန်ပါတယ်။

ကိုဉာဏ်ဝင်းထက်ကို ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်မှာ စစ်ကောင်စီတပ်က အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ) နဲ့ ထောင်ဒဏ် ၈ နှစ်၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရပါတယ်။

ဒါအပြင် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့မှာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃)နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံ အမိန့်ချမှတ်ခံရတာကြောင့် စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

"ဗကသ ကျောင်းသားတွေ အပါအဝင် နိုင်ငံတဝန်းက ပြည်သူလူထုကို မတရား အကြမ်းဖက် ဖမ်းဆီး ထောင်ချတာတွေ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ အားလုံးက ဖက်ဆစ်တပ်မှာ အပြည့်အဝ တာဝန်ရှိတယ်။ တပါတည်း ပြောချင်တာက တော်လှန်ရေးသမားကို ဖမ်းဆီး ထောင်ချရုံ အကြမ်းဖက် သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်သွားမှာ မဟုတ်ဘူး။ ကျနော်တို့ အနေနဲ့ ဆုံးခန်းတိုင်အောင် ဆက်ပြီး တိုက်ပွဲဝင်သွားမယ်" လို့ ဗကသများအဖွဲချုပ် ဗဟိုအမှုဆောင် တဦးက DVB ကို ပြောပါတယ်။

ဒေါပုံမြိုနယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲချုပ်) ရဲ့ ဥက္ကဋ္ဌ ဟောင်း ကိုဉာဏ်ဝင်းထက် အသက်က ၂၂ နှစ်ဟာ လက်ရှိမှာ ကျန်းမာရေး ကောင်းမွန်ပြီး မိသားစုနဲ့လည်း အဆက်သွယ်ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013