DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ဆိုင်ကယ်စျေးနှုန်း ၃ ဆကျော်အထိ မြင့်တက်
DVB
·
July 21, 2023
မြစ်ကြီးနားတွင် ဆိုင်ကယ်စျေးနှုန်း ၃ ဆကျော်အထိ မြင့်တက်
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခြေခံလူတန်းစာတွေအကြား အသုံးများတဲ့ တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ်‌ဈေးနှုန်းတွေ  သုံးဆကျော်ထိ မြင့်တက်သွားကြောင်း ဆိုင်ကယ်ဝယ်ရောင်းတွေထံက  သိရပါတယ်။

တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က တစီးကို ကျပ် ၅ သိန်းဝန်းကျင်ခန့်သာရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာဈေး ရုတ်တရက် မြင့်တက်လာတဲ့အတွက် အခုအခါ ကျပ် ၁၅ သိန်းဝန်းကျင်ထိ မြင့်တက်သွားကြောင်း မြစ်ကြီးနားမြို့ ဆိုင်ကယ်ဝယ်ရောင်း ပြုလုပ်သူတွေထံက သိရပါတယ်။

မြစ်ကြီးနားမှာ ဆိုင်ကယ်အရောင်းအဝယ်လုပ်သူတဦးက “တရုတ်နိုင်ငံထုတ် Canda ဆိုင်ကယ်ဆို အာဏာမသိမ်းခင်က ၅ သိန်းပတ်ဝန်းကျင်ပဲ ရှိတယ်။ ဒီမှာကလည်း Canda 125 Wave ပဲ အစီးများတာ၊ အရောင်းအဝယ်ဖြစ်တယ်။ အခုက ၂၀၂၃ ခုနှစ်ထုတ် ဆိုင်ကယ်က ၁၅ သိန်းဝန်းကျင်လောက် ဖြစ်သွားတယ်။ ဒါတောင် without လိုင်စင်မဲ့နော်။ ဈေးတွေက အရမ်းမြင့်သွားတော့ အရောင်းအဝယ်လည်း ပါးတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်အသစ်ဈေးနှုန်းတွေ မြင့်တက်သွားတဲ့အတွက် တပတ်ရစ်ဆိုင်ကယ်တွေ ကတော့ အရောင်းအဝယ် ဖြစ်တယ်လို့လည်း ဆိုင်ကယ်ဝယ်ရောင်း လုပ်ကိုင်သူတွေထံက သိရပါတယ်။

ဆိုင်ကယ်တပတ်ရစ် အရောင်းအဝယ်လုပ်ကိုင်သူ အမျိုးသားတဦးက “၂၀၂၃ ခုနှစ်ထုတ် ဆိုင်ကယ်  Canda တွေကတော့ ၁၅ သိန်းလောက် ဖြစ်သွားတယ်။ ငွေဈေးနှုန်းကျပြီး ဒေါ်လာဈေးနှုန်းတွေ မြင့်တက်သွားတော့ ဆိုင်ကယ်အသစ်တွေလည်း ဈေးအရမ်းမြင့်သွားတယ်။ ခု လတ်တလောကတော့ Second ဘီးသန့်လေးတွေ အရောင်းအဝယ်ဖြစ်တယ်။ Canda 125 wave မော်ဒယ်အနိမ့်လေးတွေဆို ၅ သိန်းပတ်ဝန်းကျင်ကနေ ၈ သိန်းပတ်ဝန်းကျင်ဘီးတွေ အရောင်းအဝယ်ဖြစ်တယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်အသစ်ရောင်းဝယ်ရေးဆိုင် ၁၀ ဆိုင်ထက်မနည်းရှိပြီး တပတ်ရစ် ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ဆိုင်ကယ်ဆိုင်တွေလည်းရှိကာ လူမှုကွန်ရက်မှာတင်ပြီး အရောင်းအဝယ် ပြုလုပ်ကြတာတွေလည်းရှိသလို လိုင်စင်မဲ့ဆိုင်ကယ်တွေကိုသာ အများဆုံး အရောင်းအဝယ် ပြုလုပ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013