DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
July 21, 2023
ကန်ပက်လက်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

ကန်ပက်လက်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

DVBချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ  တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားကာ စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့  CDF-ကန်ပက်လက်ကနေ သိရပါတယ်။

CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုထွန်းလိန်းက “ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာ အောက်နားမှာ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ CDF-ကန်ပက်လက်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ကျနော်တို့ဘက်က ရဲဘော် ၂ ယောက် ဒဏ်ရာရရှိကာ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆွဲလွဲကျင်းနဲ့ မဆာတွီရွာကြားမှာလည်း ဇူလိုင် ၁၈ ရက် မနက် ၇ နာရီကနေ ၇ နာရီခွဲအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိတယောက် အပါအဝင် ၅ ယောက် သေဆုံးကာ မနက် ၈ နာရီခွဲလောက်မှာ တိုက်ပွဲထပ်ဖြစ်ပြီး သူတို့ဘက်က ၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုထွန်းလိန်းက “တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က မနက် ၉ နာရီခွဲလောက်ကနေ ၁၁ နာရီခွဲအထိ ဂျက်ဖိုက်တာ ၅ စီးနဲ့ မဆာတွီရွာထဲကို လက်နက်ကြီးနဲ့ ၅ လုံးပစ်တယ်။ ကျနော်တို့ရဲ့ ရှေ့ပွိုင့် စိုးမိုးကုန်းတွေကို တောက်လျှောက်ပစ်တာ၊ စုစုပေါင်း အလုံး ၂၀ လောက် ပစ်ခတ်သွားတယ်”လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း CDF-ကန်ပက်လက်ဘက်က ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘဲ ဘုရားရှိခိုးကျောင်းတကျောင်းနဲ့ လူနေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013