Home
နိုင်ငံတကာ
ကမ္ဘာတဝန်း အများပြည်သူအတွက် အပူလှိုင်းသတိပေးချက် တိုးလာ
DVB
·
July 20, 2023

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံတွေမှာ အများပြည်သူအတွက် အပူလှိုင်းသတိပေးချက် အရေအတွက် ၅၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ဘေးကင်းဖို့ တပ်လှန့်ရေး အပလီကေးရှင်းတွေ ထုတ်လုပ်တဲ့ အမေရိကန်ကုမ္ပဏီ Everbridge လက်အောက်က ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဘေးကင်းရေးဌာနရဲ့ ဒုဥက္ကဋ္ဌ ဘရိုင်ယန် တူးလန်းက ပြောပါတယ်။

ကုမ္ပဏီဟာ တက္ကဆက်နဲ့ ဖလော်ရီဒါ အပါအဝင် အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အရေးပေါ်သတိပေးစနစ်တွေကို ထုတ်လုပ်နေတာဖြစ်ပြီး စာသား မက်ဆေ့ချ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေနဲ့ တွန်းအားပေး အသိပေးချက်တွေကနေတဆင့် အများသူငါ သတိပေးချက်တွေကို ထုတ်ပေးပါတယ်။

ရိုက်တာသတင်းဌာနနဲ့ လူတွေ့အင်တာဗျူးတခုမှာ တူးလန်းက ရက် ၃၀ အတွင်း အပူနဲ့ လေထု အရည်အသွေးဆိုင်ရာ အန္တရာယ်တွေ မြင့်တက်မှုကို သရုပ်ဖော်တဲ့ Everbridge ရဲ့ ခံနိုင်ရည်ရှိမှုဆိုင်ရာ ထိုးထွင်းသိမြင်မှုကနေ ပုံတပုံကို မျှဝေခဲ့တာပါ။

ဒေတာတွေက ဇွန်လအတွင်း လေထုအရည်အသွေးနဲ့ အပူရှိန် သတိပေးချက်တွေနဲ့ ပတ်သက်နေပြီး အပူချိန် သိသိသာသာ မြင့်တက်လာတာကို ပြသခဲ့ပါတယ်။

သတ်မှတ်ထားတဲ့နေ့မှာ သတိပေးချက် ၇၅၀ ကျော်ရှိပြီး လက်ရှိအပူရှိန်ဖြစ်စဉ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ သဘောသဘာဝနဲ့ ကြိုတင်ပြင်ဆင်မှု တိုးမြှင့်ဖို့ လိုအပ်တာကို မီးမောင်းထိုးပြထားပါတယ်။

အပူလှိုင်းအရှည်နဲ့ ပထဝီဝင် လွှမ်းခြုံမှုမှာလည်း မနှစ်ကထက် တိုးလာတယ်လို့ တူးလန်းက ပြောပါတယ်။

သူတို့ရဲ့ ပုံမှန် တောင်ပိုင်းဒေသတွေထက် မြောက်ဘက်ကို ရွေ့လျားလာပြီး နိုင်ငံအနှံ့ ကျယ်ပြန့်လာတယ်လို့လည်း သူကဆိုပါတယ်။

တာရှည်အပူလှိုင်းတွေကို တုံ့ပြန်တာဟာ လက်ရှိအချိန်မှာ အစိုးရတွေ ရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုလို့လည်း တူးလန်းက ပြောပါတယ်။

အလွန်အကျွံ အပူရှိန်မြင့်တက်ခြင်း သတိပေးချက်တွေဟာ ခုတော့ ပုံမှန်ထက် ပိုမို ကြာမြင့်နေတာပါ။

အအေးခံစင်တာတွေ ရေရှည်တည်တံ့စေရေးနဲ့ တိုးချဲ့လုပ်ဆောင်ရေးကို ပံ့ပိုးပေးဖို့ လိုအပ်တဲ့ ရန်ပုံငွေဟာ စီးပွားရေးအရ တင်းမာမှုဖြစ်စေတယ်လို့လည်း တူးလန်းက ပြောခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024