DVB Logo
Home
မြန်မာသတင်း
ကန်တော်ကြီးတွင် အမျိုးသားတဦးအလောင်းတွေ့၊ ကော့ကရိတ်တွင် ကျောင်းသားတဦး ရေနစ်ပျောက်ဆုံး
DVB
·
July 20, 2023
ကန်တော်ကြီးတွင် အမျိုးသားတဦးအလောင်းတွေ့၊ ကော့ကရိတ်တွင် ကျောင်းသားတဦး ရေနစ်ပျောက်ဆုံး
1 / 3
Donate to DVB

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးပန်းခြံ၊ ပန်းကန်လုံးကျွန်း၊ ရှင်ဥပဂုတ္တကျောင်းဆောင် တံတားအောက် ရေပြင်ထဲမှာ ဇူလိုင် ၂၀ ရက် မနက်ပိုင်းက ရုပ်အလောင်းတခု တွေ့ရှိခဲ့တယ်လို့ ဒီဃာယုကအသင်းက ပြောပါတယ်။

မနက် ၇ နာရီ ၄၅ မိနစ်လောက်က အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတဦးရဲ့ အလောင်းကို ပန်းခြံလမ်းလျှောက်သူတွေနဲ့ ပန်းဥယျာဉ်ဝန်ထမ်းတွေက တွေ့ရှိပြီး သက်ဆိုင်ရာနဲ့ အရပ်ဘက် ကယ်ဆယ်ရေးအသင်းတွေကို အကြောင်းကြားခဲ့တာပါ။

ဒီဃာယုကအသင်း တာဝန်ရှိသူတဦးက “DB ရှိတယ်ဆိုတာ ပန်းဥယျာဉ်ကနေ လှမ်းဆက်သွယ်တာပါ။ ကိုမိုးဟိန်း အသက်က ၄၅ နှစ်လောက်ရှိပြီ။ မိသားစုနဲ့တော့ ဆက်သွယ်လို့ရပြီ။ သူက အဒေါ်တ‌ယောက်နဲ့နေတာ၊ မနေ့ကတည်းက အိမ်ကထွက်သွားပြီး အခုလို တွေ့တာပါ” လို့ ပြောပါတယ်။

သေဆုံးသူဟာ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အဒေါ်တော်စပ်သူနဲ့ နေထိုင်တာဖြစ်ပြီး ဇူလိုင် ၁၉ ရက်မှာ အိမ်ကထွက်ခွာသွားရာကနေ ကန်တော်ကြီးမှာ အခုလို သေဆုံးလျက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သက်ဆိုင်ရာက စစ်ဆေးချက်အရ ရုပ်အလောင်းမှာ ပြင်ပဒဏ်ရာ‌မတွေ့ရှိဘဲ ရေနစ်သေဆုံးတဲ့ လက္ခဏာ ဖြစ်တယ်လို့ သိရပြီး ရန်ကုန်ဆေးရုံကြီး၊ ရင်ခွဲရုံကို အရပ်ဘက်ကယ်ဆယ်ရေး အသင်းကားနဲ့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီ ၁၇ ရက်ကလည်း ကန်တော်ကြီးရေပြင်ထဲမှာ အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦးရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့ပါသေးတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ဘိန်းတိုက်နယ်၊ ကော့ဂူကျေးရွာ၊ ကျောက်တောင်ဘုရား ရေကန်ထဲမှာ ဇူလိုင် ၁၉ ရက် ညနေက ကျောင်းသား ၁ ဦး ရေနစ်‌ပျောက်ဆုံးနေတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

ရေနစ်သေဆုံးခဲ့သူဟာ ကော့ဘိန်းနယ်၊ ကော့ဂွန်းရွာမှာနေထိုင်ပြီး ကျောင်းတက်နေတဲ့ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးဖြစ်ကာ အဒေါ်တော်စပ်သူနဲ့ အဲ့ဒီညနေ ၃ နာရီခွဲလောက်က မိုးသည်းထန်စွာရွာချိန်မှာ ငါးမျှားနေခဲ့ရင်း ရေနစ်ပျောက်ဆုံးသွားတာလို့ သိရပါတယ်။

ကော့ဘိန်းကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “ကလေးက ကျောင်းပိတ်ရက်ဆိုတော့ ကွင်းထဲ ရေကစားရင်း ငါးသွားမျှားရင်းနဲ့ ဖြစ်တာပေါ့။ မိုးကလည်း ရွာထားတော့ ကွင်းက အကျယ်ကြီးပဲ၊ ရှာတာက ည ၈နာရီခွဲတဲ့အထိ မရသေးဘူး” လို့ ပြောပါတယ်။

ကလေးငယ်ကို မြို့ခံကယ်ဆယ်ရေးအသင်းတွေကနေ ညနေ ၄ နာရီလောက်က စတင်ကာ ရေငုပ်ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပါတယ်။

ကော့ဘိန်း ရမ္မဝတီလူမှုကယ်ဆယ်ရေးအသင်းနဲ့ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ကလေးရုပ်အလောင်းကို ရှာဖွေခဲ့ပေမဲ့ ည ၈ နာရီခွဲအထိ အလောင်းကို ရှာဖွေမတွေ့ရှိသေးဘူးလို့ သိရပါတယ်။

ဇူလိုင် ၁၉ ရက်မှာပဲ မော်လမြိုင်မြို့နယ်၊ ရေကြီးမှုမှာ ၁ နှစ်ခွဲအရွယ် မိန်းကလေး ၁ ဦးနဲ့ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေး ၂ ဦးတို့ ရေနစ်သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013