DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် ဆောက်လုပ်ရေးစခန်း နံရံပြိုကျပြီး လုပ်သား ၁၁ ဦးထက်မနည်း သေဆုံး
DVB
·
July 20, 2023
ပါကစ္စတန် ဆောက်လုပ်ရေးစခန်း နံရံပြိုကျပြီး လုပ်သား ၁၁ ဦးထက်မနည်း သေဆုံး
Donate to DVB

ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် ဆင်ခြေဖုံးတွေမှာ အဆက်မပြတ် ရွာချနေတဲ့ မိုးကြောင့် ဇူလိုင် ၁၉ ရက် အစောပိုင်းက ဆောက်လုပ်ရေးစခန်းမှာ နံရံပြိုကျပြီး လုပ်သား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ခုံးကျော်တံတား တည်ဆောက်ရေးမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ အုတ်တံတိုင်းဘေးမှာ စခန်းချနေကြတာပါ။

“အခုထိ သေဆုံးသူ ၁၁ ဦးရှိပြီး ၅ ဦး ဒဏ်ရာရရှိထားကြောင်းနဲ့ မိုးအဆက်မပြတ် ရွာသွန်းရာကနေ ရေတွေအိုင်လာပြီးတော့ အုတ်တံတိုင်းခြေရင်းမှာ မြေပျော့သွားတာကနေ နံရံပြိုကျသွားတာ” လို့ နယ်မြေတာဝန်ခံ လက်ထောက်ကော်မရှင်နာ နာဟယ်လ် ဟာဖှိဇ်က ပြောပါတယ်။

အဲဒီနေရာမှာ ရှာဖွေရေးလုပ်ငန်းတွေ ပြီးဆုံးသွားပြီလို့လည်း ဆိုပါတယ်။

အဲဒီဆောက်လုပ်ရေးကုမ္ပဏီဟာ အလုပ်သမားတွေအတွက် သင့်လျော်တဲ့ ယာယီတဲစခန်း ဒါမှမဟုတ် လူနေထိုင်မှုစနစ် ဘာကြောင့် မပေးခဲ့ရတာလဲ ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဟာဖှိဇ်က ဆိုပါတယ်။

အခုလာမယ့် မုတ်သုံမိုးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ထပ်အန္တရာယ်တွေအတွက် နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့လည်း သူကဆိုပါတယ်။

မိုးလေဝသဌာန အဆိုအရ ဇူလိုင် ၁၉ ရက်ကစပြီး ပါကစ္စတန်ကို ဝင်ရောက်ပြီး ရက်အတော်ကြာ ရွာမယ်လို့ ခန့်မှန်းရတဲ့ မုတ်သုံမိုး ဒုတိယလှိုင်းအတွက် စိုးရိမ်မှုတွေ ရှိတဲ့အကြားမှာ အစ္စလာမ္မာဘတ်ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀၀ မီလီမီတာကျော် ရွာသွန်းခဲ့ပါတယ်။

မနှစ်က ပြင်းထန်ခဲ့တဲ့ ရေကြီးရေလျှံမှုကနေ ပြန်နာလန်ထူနေရဆဲ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်နိုင်ခြေအန္တရာယ် မြင့်တက်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013