DVB Logo
Home
နိုင်ငံတကာ
ကင်ညာတွင် အီဘိုလာစင်တာ ဆောက်လုပ်မှုကို တရားရုံးအမိန့်အရ ရပ်ဆိုင်း
DVB
·
June 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကင်ညာ ကျန်းမာရေးဝန်ကြီးက လေတပ်စခန်းတခုမှာ အမေရိကန် ကျောထောက်နောက်ခံပြုပြီး တည်ဆောက်နေတဲ့ အီဘိုလာ ကာကွယ်တားဆီးရေး သီးသန့်စင်တာ ဆောက်လုပ်မှုကို ချက်ချင်းရပ်နားဖို့ ဇွန် ၂၃ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။

တရားရုံးက အဲဒီစင်တာဆောက်လုပ်မှုကို ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ထားတာကို ဝန်ကြီးက မလိုက်နာခဲ့ဘဲ ဆက်ပြီး ဆောက်လုပ်ခိုင်းခဲ့လို့ ဝန်ကြီးမှာ တရားရုံး မထီမဲ့မြင်ပြုမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက်မှာမှ ဝန်ကြီးက ဆောက်လုပ်ရေးကို ချက်ချင်းရပ်ဖို့ အင်္ဂါနေ့မှာ အမိန့်ပြန်ပေးခဲ့ရတာပါ။

ကင်ညာနိုင်ငံရဲ့ အလယ်ပိုင်းဒေသက နာညုကီမြို့အနီးမှာ တဲထိုးစင်တာ ဆောက်လုပ်ရေး စီမံကိန်းကြောင့် လူသေဆုံးတဲ့အထိ ပြင်းထန်တဲ့ ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့လို့ ကင်ညာတရားရုံးက ပိတ်ပင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီး အေဒင် ဒွါလီက တရားရုံးမှာ လာရောက်အစစ်ခံခဲ့တာ ဖြစ်ပါတယ်။

အဲဒီစင်တာဟာ လက်ရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ကူးစက်ခံရသူ ၁,၀၀၀ ကျော်ရှိနေတဲ့ အီဘိုလာဗိုင်းရပ်စ်နဲ့ ထိတွေ့မိထားတဲ့ အမေရိကန်နိုင်ငံသားတွေကို ထားရှိဖို့ ရည်ရွယ်ဆောက်လုပ်တာ ဖြစ်ပါတယ်။

ရိုက်တာ သတင်းဌာနက ဇွန် ၂၂ ရက်စွဲနဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို လေ့လာကြည့်ရာမှာ ဒီလဆန်းပိုင်းက ပုံတွေနဲ့ယှဉ်ရင် တဲတွေ ပိုများလာတာ၊ ကွန်ကရစ်ခင်းထားတဲ့ ဧရိယာ ကျယ်လာတာနဲ့ ကွန်တိန်နာပုံစံ အဆောက်အအုံတွေ အပါအဝင် ဆောက်လုပ်ရေးပိုင်းမှာ တိုးတက်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013