DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် အာဆာနှင့် အေအေတို့ တိုက်ပွဲဖြစ်
DVB
·
July 20, 2023
ဘူးသီးတောင်တွင် အာဆာနှင့် အေအေတို့ တိုက်ပွဲဖြစ်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိမ့်ညှင်းပြားကျေးရွာအနီးမှာ ခိုလှုံနေတဲ့ အာဆာ ရိုဟင်ဂျာ လက်နက်ကိုင်တပ်တပ်ဖွဲ့ဝင်တွေနဲ့ ရက္ခိုင်တပ်တော် (အေအေ)တို့ ပြီးခဲ့တဲ့ရက်က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိခဲတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၁၈ ရက် ညနေ ၃ နာရီမှာ တကြိမ် ဇူလိုင် ၁၉ ရက် မနက် ၉ နာရီမှာ တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ အာဆာ (ARSA) ဘက်က ၁၀ ယောက် ထက်မနည်းသေဆုံးပြီး  ရက္ခိုင့်တပ်တော်ဘက်ကလည်း တယောက်ကျဆုံးတယ်လို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် အာကာပျံကျေးရွာသားတဦးက  " အာဆာက စိမ့်ညှင်းပြားကျေးရွာနားက စားကျက်မြေမှာ တပ်အခြေစိုင်ထားတာကို အေအေက  ဝင်ရောက်တိုက်တာ။ ဇူလိုင် ၁၉ ရက်  မနက် ၉ နာရီမှာလည်း တိုက်ပွဲတကြိမ်ဖြစ်ပွါးခဲ့ကြတယ်။ ကျဆုံးကတော့ အေအေဘက်က တဦးကျဆုံးသွားခဲ့တယ်။ အာဆာဘက်က ၁၀ ယောက်ကျော် ကျတယ်လို့သိရတယ်"လို့ ပြောပါတယ်။

အာဆာတပ်ဖွဲဝင်တွေဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်လို့ မရတော့လို့ ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာအများစုမှာ လာရောက်ခိုလှုံနေကြတာဖြစ်ပါတယ်။

ရခိုင်စစ်ရေးလေ့လာသူတဦးက "ဘင်္ဂလားအစိုးရက  လိုက်ရှင်းလင်းနေတော့ အာဆာတွေက မြန်မာဘက်ကို ထွက်ပြေးလာကြတာ။ မောင်တောဘက်မှာ မွတ်ဆလင်ကျေးရွာတွေမရှိတော့ ဘူးသီးတောင်ဘက်ကို ခြေဆန့်လာကြတာ။ အံအားဖို့တော့ ကောင်းတယ်။ မြန်မာဘက်မှာ နယ်ခြားစောင်တပ်ဖွဲ့ခွဲ တဆယ်ကျော်ချထားတဲ့ကြားက အာဆာတွေ ဘယ်လိုဝင်ရောက်လာလဲတော့ မစဥ်းစားတတ်တောဘူးဗျာ။ နောက်ပြီး သူတို့ အခြေချနေတာကို စစ်ကောင်စီက မသိတာမရှိပါဘူး။ သူတို့မွေးစားထားလို့ သူတို့မသိသလိုနေနေကြတာ။ ပြောရမယ်ဆို အေအေနဲ့ ရန်တိုက်ပေးတာဗျ။"လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းမွတ်ဆလင်ကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၈) တပ်ဖွဲ့ဝင်တွေ အသင့်အနေအထား စစ်ဆေးပြင်ဆင်ထားကြပြီး အနီးအနားရှိ ကျောက်စာတိုင်၊ အာကာပျံကျေးရွာသားတွေလည်း လယ်တောင်မထွန်ရဲကြဘူးလို့ ရွာသားတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လဆန်းပိုင်းမှာ အေအေတိုက်ယူထားတဲ့ နယ်ခြားစောင့်စခန်းတွေနဲ့  ရိက္ခာပြတ်လပ်လို့ နောက်ဆုတ်သွားပေးခဲ့ရတဲ့ နယ်ခြားမှတ်တိုင်စခန်းတွေမှာ  ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တပ်ဖွဲတွေက သူတို့တိုက်ခိုက်သိမ်းပိုက်ထားသလို ရုပ်သံတွေ တင်ပြီး ဝါဒဖြန့်ခဲ့တာရှိပါတယ်။ 

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းနယ်စပ်မှာ  ရက္ခိုင်တပ်တော်ကလွဲလို့ ဘယ်လက်နက်ကိုင်အဖွဲ့မှ ရှိနေတာကိုလက်မခံနိုင်ဘူးလို့ အေအေပြောခွင့်ရသူ ခိုင်သုခက ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013