DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း နာနတ်သီးဈေး မြင့်တက်
DVB
·
July 19, 2023
ပြည်တွင်း နာနတ်သီးဈေး မြင့်တက်
1 / 2
Donate to DVB

ပြည်တွင်းမှာ နာနတ်သီးစျေးနှုန်းဟာ နှစ်ဆကျော် မြင့်တက်လာတာကြောင့် တောင်သူတွေ အဆင်ပြေနေတယ်လို့ နာနတ်စိုက်တောင်သူတွေက ပြောပါတယ်။

နာနတ်သီးစျေးက မနှစ်က စိုက်ခင်းဖြတ်စျေး နာနတ်သီးတလုံးကို ကျပ် ၂၀၀ သာ ရှိခဲ့ရာမှ အခုနှစ်မှာ စိုက်ခင်းဖြတ်စျေး နာနတ်သီးတလုံး ကျပ် ၅၀၀ ကနေ ၆၀၀ အထိ စျေးပေါက်နေတယ်လို့ နာနတ်သီးရောင်းဝယ်သူတွေထံက သိရပါတယ်။

ရှမ်းပြည်နယ်မှ နာနတ်စိုက်တောင်သူတဦးက “စျေးကတော့ မနှစ်ကနဲ့စာရင်တော့ နှစ်ဆကျော်လောက်ကို တက်လာပါတယ်။ အရင်လို ပြည်ပတော့ မပို့ရတော့ပေမဲ့ အရောင်းကတော့ သွက်ပါတယ်။ ခူးမယ့်အချိန် မရောက်ခင်တည်းက ခြံဖြတ်လာလာဝယ်နေပါတယ်” လို့ ပြောပါတယ်။

ဒေသထွက် နာနတ်သီးကို အရင်က မူဆယ်နယ်စပ်ကတဆင့် တရုတ်နိုင်ငံဘက် တင်ပို့တာဟာ တရက်ကို တန် ၃၀၀ မှ ၅၀၀ ထိ အဝယ်ရှိပေမဲ့ ၂၀၁၉ သြဂုတ်လကစပြီး ရပ်ဆိုင်းခဲ့တယ်လို့ စားသုံးသူရေး​ရာ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာ နာနတ်သီးပင်တွေကို စီးပွားဖြစ် ​စိုက်ပျိုးကြတဲ့အပြင် ရော်ဘာခြံတွေ၊ နှစ်ရှည်သစ်မာပင်တွေကြားနဲ့ နေအိမ်တွေမှာလည်း တနိုင်တပိုင် စိုက်ပျိုးကြပါတယ်။

ကျိုက်ထိုမြို့ရှိ ရော်ဘာနဲ့ နာနတ်ပင်စိုက်ပျိုးသူတဦးက “ကျနော်တို့က ရော်ဘာတွေကြားထဲ နာနတ်ပင် ရောစိုက်ထားတော့ နာနတ်​ပင်တွေအတွက် မြေသြ​ဇာတို့၊ မြတ်ရှင်းခတို့ တခြားကုန်ကြစရိတ်တွေ မကုန်တော့ဘူး။ နာနတ်သီးပင်ကရတဲ့ ပိုက်​​​​ဆံက အမြတ်ပဲဆိုတော့ စျေး​ပိုကောင်းတော့ အမြတ်ပိုရတာပေါ့” လို့ ပြောပါတယ်။

ပြင်ပစျေးကွက်မှာတော့ နာနတ်သီးတွေက အမျိုးအစားနဲ့ အရွယ်အစားပေါ်လိုက်ပြီး ကျပ် ၈၀၀ မှ ၂,၀၀၀ ထိ ပေါက်စျေးရှိနေတယ်လို့ အသီးအနှံရောင်းဝယ်သူတွေထံက သိရပါတယ်။

မြန်မာတနိုင်ငံလုံး နာနတ်စိုက်ဧက ၃၅,၀၀၀ ခန့်ရှိပြီး တဧကကို အပင် ၆,၀၀၀ မှ ၁၀,၀၀၀ ကြားဆံ့ပြီး နည်းစနစ်အသစ်နဲ့ စိုက်ပျိုးပါက အပင် ၁၅,၀၀၀ ထိ ဆံ့နိုင်ကာ တဧက ၂၈ တန်မှ တန် ၄၀ ထိထွက်ကာ အပင်စိုက်ပျိုးပြီး ၁၆ လမှ ၁၈ လအတွင်း အသီးစတင် ခူးဆွတ်နိုင်မှာ ဖြစ်ပါတယ်။

နာနတ်သီးပင်ကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ အဓိကစိုက်ပျိုးပြီး ရှမ်းပြည်မြောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာလည်း စိုက်ပျိုးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013