DVB Logo
Home
မြန်မာသတင်း
၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကျင်းပ (ဓာတ်ပုံ)
DVB
·
July 19, 2023
၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကျင်းပ (ဓာတ်ပုံ)
1 / 5
Donate to DVB

ဒီနေ့ ကျရောက်တဲ့ ၇၆ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တောတွင်းနေရာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ရှမ်းရိုးမ UG PDF နဲ့ တောင်တွင်းကြီး ပ.က.ဖ တို့ပူးပေါင်းပြီး ၇၆ နှစ်မြောက် အောက်မေ့ဖွယ် အာဇာနည်နေ့ အခမ်းအနားကို တောတွင်းတနေရာမှာ ဇူလိုင် ၁၉ ရက်နေ့ မနက်က ပြုလုပ်ခဲ့တယ်လို့ ရှမ်းရိုးမ UG PDF တပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုဝီလျံက ပြောပါတယ်။

"အရင်ကတော့ အာဇာနည်နေ့ဆိုလိုရှိရင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦးကိုပဲ မျက်လုံးထဲ မြင်ကြတယ်ပေါ့နော်။ ခုကတော့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်နယ်နဲ့တိုင်းက လူမျိုးတိုင်းအတွက် နေရာအသီးသီး တော်လှန်ရေး အဆက်ဆက်မှာ အသက်ပေးစွန့်လွှတ်ပြီး တိုက်ပွဲဝင်ကြတဲ့ အာဇာနည်အားလုံးကို ရည်ညွှန်းပြီး ဒီနေ့ပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။" 

အာဇာနည်နေ့ အခမ်းအနားမှာ အာဇာနည်နေ့ အကြောင်းအရာကို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ တော်လှန်ရေးအင်အားစု ခေါင်းဆောင်တွေက မိန့်ခွန်းပြောကြားတာတွေ၊ ကဗျာ ရွတ်ဆိုကြတာတွေ၊ အာဇာနည် သူရဲကောင်းတွေကို တမိနစ်ငြိမ်သက် အလေးပြုတာတွေ၊ အကျွေးမွေးအစီစဥ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

အာဇာနည်နေ့ပြုလုပ်ရာမှာ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ တောင်တွင်းကြီး ပ.က.ဖ အဖွဲ့၊ ရှမ်းရိုးမ UG PDF တပ်ဖွဲ့၊ ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နေပြည်တော် ပ.က.ဖ အဖွဲ့၊ မြေပြင်တော်လှန်ရေး အထောက်အကူပြုအဖွဲ့၊ ရှမ်းတော်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု၊ မြို့သစ် ပ.က.ဖ အဖွဲ့အသီးသီးက ခေါင်းဆောင်တွေ၊ရဲဘော်တွေ အယောက် ၄၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်မှာလည်း ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီအချိန်မှစတင်ပြီး အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ ပအဖ ရေးရာတာဝန်ခံတွေ၊ မြို့နယ် ပကဖ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ၊ တိုက်နယ် ပကဖ အဖွဲ့ဝင်တွေ၊ မြို့နယ် NLD ပါတီ ဝင်တွေက ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ဦး၊ ခတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းတွေနဲ့ နွေဦးတော်လှန်ရေေမှာ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းတွေကို ဦးညွှတ်အလေးပြုတာ၊ လွမ်းသူပန်းခွေချတဲ့ အခမ်းအနား ကျင်းပခဲ့ကြပါတယ်။

ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဖယ်ခုံမြို့နယ်နွေဉီးတော်လှန်ရေးမှာ မြင့်မြတ်စွာအသက်ပေးလှူသွားကြတဲ့ သူရဲကောင်းတွေရဲ့ အုတ်ဂူများထားရှိရာ အာဇာနည်ကုန်းမှာ ၇၆ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့၊ စနေနေ့ မနက် ၁၀ နာရီ ၃၇ မိနစ် အချိန်မှာ ကျဆုံးသွားတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ၊ နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားကြတဲ့ အာဇာနည် သူရဲကောင်းအားလုံးကို အလေးပြုခဲ့ကြပါတယ်။

အလားတူ စစ်ကိုင်းတိုင်း အခြေစိုက် Myanmar Defense Force (MDF) အဖွဲ့ကလည်း လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ၊ နွေဦးတော်လှန်ရေးနဲ့ စစ်အာဏာရှင် တော်လှန်ရေးသမိုင်းတလျှောက် မြင့်မြတ်စွာ အသက်ပေးလှူသွားကြတဲ့ အာဇာနည်သူရဲကောင်းအားလုံးကို ရိုသေလေးစားစွာ ဦးညွှတ် ဂါရဝပြုခဲ့ကြပါတယ်။

"၁၀ နာရီ ၃၇ မိနစ်"

အဲ့ဒီ စနေမိုး အခုထိ မတိတ်သေးဘူး

ရင်ထဲမာ နာရီလက်တံ အသေ

၁၉ ဇူလိုင် သွေးအိုင်က နီဆင်း

ဇာနည်တွေဖြစ်ပုံဆိုးတယ်

ဆွေတို့ရေ ရင်ကျိုးမိခြင်း "

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013