DVB Logo
Home
နိုင်ငံတကာ
ငွေကြေးခဝါချမှုဖြင့် ပနားမားသမ္မတဟောင်း ထောင် ၁၀ နှစ်ကျော် ချမှတ်ခံရ
DVB
·
July 19, 2023
ငွေကြေးခဝါချမှုဖြင့် ပနားမားသမ္မတဟောင်း ထောင် ၁၀ နှစ်ကျော် ချမှတ်ခံရ
Donate to DVB

ပနားမားတရားရုံးတရုံးက သမ္မတဟောင်း ရီကာဒို မာတီနယ်လီကို ငွေကြေးခဝါချမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ကျော် စီရင်ချက် ချမှတ်လိုက်ကြောင်း ရှေ့နေချုပ်ရုံးက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။

သမ္မတဟောင်း မာတီနယ်လီဟာ စီးပွားရေးလုပ်ငန်းသစ်လို့ လူသိများတဲ့ ဒီအမှုမှာ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ မီဒီယာလုပ်ငန်းစုကြီးတခုကို ဝယ်ပြီးတော့ အစုရှယ်ယာအများစုကို ပေးအပ်ဖို့ အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

မာတီနယ်လီကို ထောင်ဒဏ် ၁၂၈ လ ချမှတ်လိုက်တဲ့အပြင် ဒဏ်ငွေ ဒေါ်လာ ၁၉ ဒသမ ၂ သန်း ပေးဆောင်ဖို့လည်း တရားရုံးက အမိန့်ထုတ်ခဲ့ပါတယ်။

ဒီကြံစည်ချက်ထဲမှာ ပါဝင်ပတ်သက်နေတဲ့ တခြားသူ ၄ ဦးကိုလည်း ဇူလိုင် ၁၈ ရက်က စီရင်ချက်ချခဲ့ကြောင်း ရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စီရင်ချက် ချမှတ်ခံရအပြီးမှာ သမ္မတဟောင်းက သူ့ရဲ့အပြစ်ကင်းမှုအကြောင်း ပြောဆိုခဲ့ပါတယ်။

“ဒီစီရင်ချက်ဟာ နိုင်ငံရေးအကျိုးစီးပွားအတွက် အပြစ်ပေးချင်နေတာဖြစ်ပြီး မဲဆွယ်စည်းရုံးရေးအတွက် သူသုံးစွဲခဲ့တဲ့ ငွေကြေးအားလုံးဟာ တရားဝင်ကြောင်း သက်သေပြထားနိုင်ခဲ့ပြီး တရားမဝင် ရန်ပုံငွေတွေနဲ့ ပတ်သက်မှုမရှိဘူး” လို့ မာတီနယ်လီက ပြောပါတယ်။

သမ္မတဟောင်းရဲ့ ခုခံချေပမှုနဲ့ ပြစ်ဒဏ်ကို အယူခံဝင်မှာဖြစ်ပြီး ရနိုင်တဲ့ ဥပဒေနည်းလမ်းတွေ အားလုံးနဲ့ ပြစ်မှုကို ရှင်းလင်းပျက်ပြယ်စေမှာဖြစ်ကြောင်း မာတီနယ်လီရဲ့ရှေ့နေ ကားလော့စ် ကာရီလိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ လာမယ့်နှစ် သက်တမ်းသစ်တခုအတွက် ရှေ့ပြေးပြိုင်ဘက်ရဲ့ အာဏာရရေး ကြိုးပမ်းမှုကို ခြိမ်းခြောက်မှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ပြစ်ဒဏ်ကို စိန်ခေါ်ရင်ဆိုင်ဖို့ အချိန်ကျန်နေသေးလို့ သမ္မတရာထူးအတွက် ဝင်အရွေးခံမယ့် သူ့အမှုသည်အတွက် အရည်အချင်း ပြည့်မီနေဆဲဖြစ်ကြောင်း ရှေ့နေ ကားလော့စ် ကာရီလိုက ပြောသွားပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013